If equal affection cannot be,

6.7K 423 16
                                    

[Zaw gyi version]

တောင်ကုန်းမို့လေးထက်မှာရှိတဲ့အုတ်ဂူဖြူလေးရှေ့မှာကောင်လေးနှစ်ယောက်အရိုအသေပြုနေကြသည်...

"...ဖိုးဖိုး ကျွန်တော်လိမ်မာနေပါပြီ
ဖိုးဖိုးကိုလည်း အရမ်းသတိရတယ်..."

တတွတ်တွတ်ပြောနေတဲ့Sehunရဲ့စကားသံကငိုသံစွက်လာသည်

"ဥက္ကဌကြီး ~ Sehunသခင်လေး အတွက်စိတ်မပူပါနဲ့ကတိပေးထားတဲ့အတိုင်း ကျွန်တော်သူ့ကို စောင့်ရှောက်ပါ့မယ်"

Baekhyun Sehunအဖိုးရဲ့ အုတ်ဂူကိုဂါဝရပြုရင်းဆိုလိုက်သည်

Sehunကတော့ ကန်တော့နေရင်း အသံတိတ်ကြိတ်ငိုနေရဲ့!~

"သခင်လေး ပြန်ကြရအောင် ညနေစောင်းပြီ"
"nae hyung!! "

အားမရှိတော့သလိုဖြစ်နေတဲ့Sehunရဲ့ ခန္ဓာကိုယ်ကို Baekhyunတွဲထူလိုက်သည်

လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေတဲ့ Sehunကို Baekhyunကားမောင်းနေရာမှအကဲခတ်ကြည့်မိသည်...
Sehunရဲ့မျက်နှာချောချောကနွမ်းလျလွန်းနေတာBaekhyunစိတ်ထင်၍ပဲလား?? မသေချာ! ဆွဲဆောင်မှုရှိလွန်းသည့်မျက်နှာလေးကဖြူဖျော့နေသယောင်
Baekhyunအိမ်ကိုအမြန်ပြန်ရောက်ရန်သာကားကိုအရှိန်တင်လိုက်သည်...
*******************

အိမ်ရှေ့ဆင်ဝင်အောက်ကားရပ်လိုက်သည်နှင့် ကားတံခါးကိုဖွင့်ကာ ခပ်လေးလေးခြေလှမ်းများဖြင့် Sehunသူ့အခန်းဆီကိုဦးတည်သွားသည်...
အပေါ်ထပ်တက်နေသည့်လှေကားထစ်များဆီမှ Sehunရဲ့ကျောပြင်ကို Baekhyunကြင်နာစွာကြည့်နေမိသည်...
အခုသူမြင်နေရသည့် Sehunက ပီဘိကလေးငယ်သဖွယ်
ညဘက်အိပ်ရာထဲမှာသူ့ကိုလွှမ်းမိုးအနိုင်ယူနိုင်သည့်ဦးဆောင်နိုင်သည့်ယောကျာ်းပီသသည့်Sehunမဟုတ်သလိုပင်အချိန်အတိုင်းအတာတစ်ခု ကိုအတူတူဖြတ်သန်းခဲ့ကြပြီးနောက်သူနဲ့Sehunရဲ့ဆက်ဆံရေးကဒီအခြေအနေဖြစ်လာခဲ့သည်မှာ Baekhyunကိုယ်တိုင်ကပဲSehunရဲ့ဆန္ဒရိုင်းတွေအောက်မှာကျရှုံးသွားတာလား?? Sehunကိုယ်တိုင်ကပဲ Baekhyunရဲ့ကိုယ်ပိုင်အေးစက်လွန်းသည့်ဆွဲဆောင်နိုင်မှုစွမ်းရည်အောက်မှာ မရုန်းထွက်နိုင်တာလား??
ဘယ်လိုအကြောင်းအရင်းဆိုပါစေ ကြိမ်ဖန်များစွာ ကိုယ်လက်နှီးနှောနေကြဖြစ်သော်လည်း
BaekhyunကSehunရဲ့အိပ်ရာပေါ်မှဆန္ဒများကို မငြင်းဆန်ပဲဖြည့်ဆည်းပေးနေကြဖြစ်သော်လည်း ချစ်တယ်ဆိုသည့်စကားကိုတချိန်တခါမှထုတ်မပြောဖူးကြပါ...
*****************

The More Loving One [Completed]Where stories live. Discover now