Let the more loving one be me

5.2K 453 17
                                    

(Zawgyi Version)

//ကဗျာဆရာ Audenရဲ့ပိုချစ်ရတဲ့လူဖြစ်ချင်ပါတယ်ဆိုတဲ့ခံစားချက်ကို ကျွန်တော်ကိုယ်ချင်းစာတတ်ခဲ့တာ ဘယ်အချိန်ကစပြီးလဲကျွန်တော်ကိုယ်တိုင်တောင်မသေချာတော့ဘူး သေချာတာတစ်ခုက Sehunနဲ့ပတ်သက်လာရင်ဘယ်အတိုင်းအတာမှန်းမသိအောင် ခုန်နှုန်းမြန်လာတဲ့ကျွန်တော့်နှလုံးသားရယ် Sehunရဲ့အထိအတွေ့တွေအောက်မယ် ယဉ်ပါးနေတဲ့ကျွန်တော့်ရဲ့ခန္ဓာကိုယ်ရယ်က ကျွန်တော့်ရဲ့ဖြစ်တည်မှုက Sehunဖြစ်ကြောင်း သက်သေခံနေလေရဲ့...ဟုတ်တယ် ကျွန်တော် Sehunကိုချစ်တယ်...ချစ်တယ်ဆိုတာထက်သာတဲ့ကျွန်တော့်ခံစားမှုကို ပြနိုင်မဲ့စကားလုံးရှိရင်တောင် ကျွန်တော်သုံးလိုက်ချင်တယ်...Sehunတွက်ဆို ကျွန်တော်ပေးနိုင်သမျှအားလုံးပေးမှာ //
******************************************************************
Baekhyunအိမ်တော်ကိုပြန်ရောက်ရောက်ချင်း မိမိအခန်းထဲကိုဝင်၍ ခရီးဆောင်အိတ်ငယ်လေးထဲကိုလိုအပ်သည့်ပစ္စည်းများအလျင်အမြန်ထည့်လိုက်သည်...ထို့နောက် အရာအားလုံးကိုပုံစံမပျက်ရအောင်ထားခဲ့ပြီး ခရီးဆောင်အိတ်ကိုဆွဲရင်းအောက်ထပ်ကိုပြန်ဆင်းလာတော့လှေကားရင်းမှာ ရပ်နေသည့်အိမ်တော်ထိန်းLeeကတအံ့တသြကြည့်နေသည်...

"ဆရာ ဘာ...ဘာဖြစ်လို့လဲဟင်?"

"အာာာာ!! ကျွန်တော်သွားသင့်ပြီလေ"

Baekhyunဝဲနေသည့်မျက်ရည်များကိုလျှံမကျလာစေရန်အသာထိန်းရင်းတိုးတိုးပြောလိုက်သည်...

"ဘယ်ကိုသွားမှာလဲဆရာ ဘယ်မှမသွားပါနဲ့ သခင်လေးကဆရာမရှိလို့မှမဖြစ်ပဲ"

"နောက်တော့ကျင့်သားရသွားမှာပါ"

Baekhyunပြောရင်း ရှေ့ကိုဆက်သွားလိုက်သည်...

" သခင်လေးက တခါတလေဆရာကုမ္ပဏီမှာအိပ်လို့အိမ်ပြန်မလာဖြစ်ရင်တောင် ဆရာ့အခန်းမှာတစ်ယောက်တည်းသွားအိပ်တတ်တဲ့ကလေးပါ ဆရာမရှိပဲသူဘယ်လိုမှဖြစ်မှာမဟုတ်ဘူး!! မသွားပါနဲ့ဆရာရယ်"

Baekhyunရဲ့ခရီးဆောင်အိတ်ကိုလှမ်းဆွဲရင်းပြောလာသည့်အိမ်တော်ထိန်းLee၏စကားကြောင့် Baekhyunရဲ့မျက်ရည်စများလျှံလာပြီးကြမ်းပြင်ပေါ်ကျဆင်းသွားသည်...

The More Loving One [Completed]Where stories live. Discover now