Ep{5}-First Step

473 45 0
                                    

"ဟဲ့ကောင်... Park Chanyeol ..
မထသေးဘူးလား??
နေဖင်ထိုးနေပြီ "

Carema ကြီးကိုင်ပြီး ကုတင်ပေါ်မှာ ခြေကားယား လက်ကားယား အိပ်နေတဲ့ တူတော်မောင်ကို Company မသွားခင် နိုးသွားရသေး..
ကုတင်ဘေးမှာလည်း Telescope ကြီးက ပြတင်းပေါက် ဘက်သို့ မျက်နှာမူလျက်..

** ဘာလား?? ညက Telescope ပါယူသွားတာလား? **

ဒင်းက ကျုပ်အော်တာတောင် တုတ်တုတ် မလှုပ်..

"Yah!! Park Chanyeol "

ခေါင်းအုံးနဲ့ ပိတ်ထုလိုက်မှပဲ..

"5 minutes... 5 minutes.."

"5 minutes လည်း မရဘူး
10 minutes လည်း မရဘူး..
အခုထစမ်း.."

"AR!! Samchom..Jalba..
ခဏလေးပါ.. ခဏလေး...."

"ဟဲ့ကောင်.. ငါက Company ကို အချိန်မှန် သွားတာနော်...မင်းမနိုးရင်ထားခဲ့မှာ..
မင်းကျောင်းကို မင်းဘာသာသွား"

"............."

နောက်တော့လည်း Galaxy ကြီး တစ်ယောက်
လက်မြှောက် အရှုံးပေးလိုက်ရပါတော့တယ်..

တူတော်မောင် Chanyeol ကို စောင်ပြန်ခြုံပေးလိုက်ပြီး Company ကိုသွားလေရဲ့

======== One Day ========

Park Chanyeol ဆိုတဲ့ ကျွန်တော်က မနက်စောစော မထနိုင်ဘူးဗျ။

အမှန်တိုင်း ဝန်ခံရရင် ညက အိပ်လို့မရဘူး ဖြစ်နေတယ်..
လူက ကုတင်ပေါ်မှာ.. ဒါပေမယ့် စိတ်က ByunBaekki ဆိုတဲ့ ကောင်မလေးဆီမှာ..

အိပ်ယာပေါ်မှာလည်း ဟိုလှည့် ဒီလှည့်နဲ့ မနက် 3:00
လောက်မှ အိပ်ပျော်သွားတယ်.. မျက်ကွင်းတွေလည်း ချိုင့်နေပြီး..လူလည်း ပန်ဒါ လုံးလုံး ဖြစ်နေပြီ ..

အဟက်.. ကျွန်တော့် အဖြစ်ကရယ်ရတယ်နော်... အချစ်က ဆန်းကြယ်နေလို့ပဲလား??

ဘာပဲဖြစ်ဖြစ် ညက ဇွဲ၊လုံ့လ ဝီရိရ နဲ့ ကြိုးစားအားထုတ် ပြီး
ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ဦးမယ်..

ကုတင်ပေါ်မှာ ထိုင်ပြီး ပုံတွေ ပြန်စစ်ဆေးလိုက်တော့..

** အမယ်.. တယ်တော်တဲ့ ငါပါလား?? **

One DayWhere stories live. Discover now