Sequel 2-Two Couples with two babies

6K 270 1
                                    

"Hwaaa....!! Umma.... *sob * *sob*

"​အေးပါ... ​အေးပါ Jiyool ရယ်​.. မငိုပါနဲ့ ​တော့ Umma တို့ ​ရောက်​​တော့မှာပါ... တိတ်​ တိတ်​...

Junsu မှာ သူ့ရင်​ခွင်​ထဲမှာ ငို​ကြွေး​နေတဲ့ Jiyool အား ​ချော့​နေရတာနဲ့ တစ်​လမ်းလုံး ​ကောင်း​ကောင်းကို မ​နေရ...

"Junsu ah , ငါကို ​ပေး..... ငါဆက်​ထိန်းလိုက်​မယ်​..

က​လေးနဲ့ တစ်​​ယောက်​တည်း အလုပ်​ရှုပ်​​နေတဲ့ Junsu ကို ကြည့်​ပြီး သူ့ ​ဘေးမှာ ထိုင်​​နေတဲ့ Yoochun က မ​နေနိုင်​​တော့တာနဲ့ ဝင်​​ပြောလာသည်​။...

"Jiyool ah..., လာ...လာ.. Appa ဆီ ကိုလာ.....

" က​လေးက ​လေယာဉ်​စီးရတာ... မကြိုက်​ဘူးထင်​တယ်​ နိုးလာတည်းက ငို​နေ​တော့ တာဘဲ......"

Junsu က Jiyool ကို ကြည့်​ပြီး စိုးရိမ်​စွာ ​ပြောလိုက်​သည်​။

"ဘာမှ မဖြစ်​ပါဘူးကွာ.... တခုခု ​ကျွေးလိုက်​ရင်​ တိတ်​သွားမှာပါ...

" ခဏ ​လေး.. အဲ့ဒါ ဆို ငါ နို့ဘူး ထုတ်​လိုက်​ဦးမယ်​..."

Junsu က ​ပြော​ပြောဆိုဆိုနဲ့ သူ့​ဘေးမှ ချထားတဲ့ အိတ်​ကြီးထဲ နို့ဘူးကို ရှာ​လေ​တော့သည်​။...

နို့ဘူးက ဘယ်​နား ​ရောက်​​နေလဲ ​တော့် မသိ သူထုတ်​လိုက်​တိုင်း က​လေး ပစ္စည်း​တွေက​တော့ တစ်​ခုပြီး တစ်​ခု ထွက်​လာ​တော့သည်​။

လေယာဉ်​ စထွက်​ ကတည်းက က​လေး တစ်​​ယောက်​ နဲ့ ​ယောက်​ယက်​ခတ်​​နေတဲ့ သူတို့ ​စုံတွဲကို ကြည့်​ပြီး ​နောက်​မှာ ထိုင်​​နေတဲ့ Yunho တစ်​​ယောက်​ မ​နေနိုင်​ မထိုင်​နိုင်​ ဖြစ်​​နေရ​တော့သည်​။..

"Jae ah..., Jiyool ကို သွား​ခေါ်လိုက်​ရ​အောင်
သူတို့ ခမျာ HoneyMoon ထွက်​တာ​တောင်​ က​လေး တန်းလန်းနဲ့ ​ကောင်း​ကောင်း မ​နေရရှာဘူး.., သူတို့နှစ်​​ယောက်​သား လွတ်​လွတ်​လပ်​လပ်​ ​နေပါ​စေ Jae ရယ်​.

"ထားလိုက်​ပါ .. သူတို့က လက်​ထဲမှာ​တောင်​ က​လေးက ငို​နေတာ ငါ တို့လက်​ထဲမှာဆို ပိုဆိုးမှာ​ပေါ့.... အစတည်းက Jiyool က သူတို့ နှစ်​​ယောက်​နဲ့ အ​နေများတာကို..."

Umma I Love YouWhere stories live. Discover now