ဆင့်​ပွားသရများ

2K 111 3
                                    

အဲ ㅐ
(ㅏ +ㅣ)

ယဲ ㅒ
(ㅑ +ㅣ)

အယ်​ ㅔ
(ㅓ +ㅣ)

ယယ်​ ㅖ
(ㅕ +ㅣ)

ဝါ ㅘ
( ㅗ+ㅏ)

ဝဲ ㅚ
(ㅗ +ㅣ)

ဝဲ ㅙ
(ㅗ +ㅏ +ㅣ)

ဝေါ ㅝ
(ㅜ +ㅓ)

ဝီ ㅟ
(ㅜ +ㅣ)

ဝယ်​ ㅞ
(ㅜ +ㅓ +ㅣ)

အွီ ㅢ
(ㅡ +ㅣ)

ဆင့်​ပွားသရ​တွေမှာ အသံတူတာ​တွေရှိ​နေပါတယ်
အဲဒါ​ကြောင့်​ စကားလုံးဖွဲစည်းပုံနဲ့​ပေါင်းစပ်​ပြီး
မှတ်​ဖို့​တော့လိုပါတယ်
ဒီဆင့်​ပွားသရ​တွေကလည်း အလွတ်​ရ​နေဖို့လိုပါတယ်

ဒီ​နေ့က​နေစပြီး​တော့ စကား​ပြော​လေး​တွေ
နည်းနည်းချင်းစီသင်​​ပေးကြည့်​မယ်​​နော်

:-) 인사 နှုတ်​ဆက်​ခြင်း အင်​န်​ဆာ
안녕하십니까? မြန်​မာလို မင်္ဂလာပါ
အန်​​ညောင်​ဟာရှိမနီကာ

안녕하세요? မင်္ဂလာပါ
အန်​​ညောင်​ဟာဆယ်​ယို

안녕 မင်္ဂလာပါ

သုံးခုစလုံးကမင်္ဂလာပါပဲ

ဒါ​ပေမယ့်​ အ​ပေါ်က အန်​​ညောင်​ဟာရှိမနီကာ က
ယဉ်​​ကျေးတဲ့အသုံးအနှုန်းပါ
ကိုယ်​ထက်​အသက်​ကြီးတဲ့လူ​တွေကိုသုံးတဲ့စကားပါ

ဒုတိယ အန်​​ညောင်​ဟာဆယ်​ယို က
ကိုယ်​နဲ့ရွယ်​တူ​တွေမှာသုံးတဲ့စကား​လေး​ပေါ့

နောက်​ဆုံး အန်​​ညောင်​ က​တော့
အခု​ခေတ်​အသုံးအနှုန်းအတိုင်း​ပြောရမယ်​ဆိုရင်
ဗန်းစကားပါ
ကိုယ်​ထက်​အသက်​ကြီးတဲ့လူကြီး​တွေကို​တော့
အဲဒီစကားသွားမ​ပြောနဲ့​နော်
ထုခံရလိမ့်​မယ်

안녕히 가세요 မြန်​မာလို ​​ကောင်း​​ကောင်းသွားပါ
အန်​​ညောင်​ဟီ ဂါဆယ်​ယို
တစ်​​နေရာရာသွား​မယ့်​လူကိုနှုတ်​ဆက်​တဲ့စကားပါ

안녕히 계세요
အန်​​ညောင်​ဟီ ဂယ်​ဆယ်​ယို
မြန်​မာလို ​ကောင်း​ကောင်း​နေရစ်​ခဲ့ပါ
ကျန်​ခဲ့တဲ့လူကို သွားမယ့်​လူကနှုတ်​ဆက်​တဲ့စကား​ပါ

ဒီ​နေ့ရဲ့စကား​ပြော​လေး​တွေကို
ဒီနားမှာရပ်​လိုက်​မယ်​​နော်
ပျင်းသွားမှာစိုးလို့

နောက်​​နေ့​နောက်​​နေ့များမှာလာမယ့်
အပိတ်​သံ​လေး​တွေအတွက်​လည်း
စောင့်​ကြည့်​​ပေးပါဦးဗျို့

26,11,2015
6:45PM

Let's Study Korea LanguageWhere stories live. Discover now