He Or She ??? ( Ep -1 )

1.6K 98 3
                                    

ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် မိန်းကလေး အုပ်စု တစ်စု ဘောင်းဘီဂျင်းပေါင်တို Bra နှင့် ဘောလုံးကန်နေကြသည် ဘေးတွင်တော့ ယောကျာ်းလေး တစ်အုပ်စု မတ်တပ်ရပ်ကာ သူတို့၏ သက်ဆိုင်ရာ မိန်းကလေးများအား အော်ဟစ် အားပေးနေကြသည်

ဂိုးးးးး !!!!!! ငါကွ !!!!

ဂိုးဝင်အောင် ကန်သွင်းလိုက်နိုင်၍ လက်ဆန့်တန်းကာ ပြေးလွှားအောင်ပွဲခံနေသော ကောင်မလေးတစ်ယောက် ...

Girl : Hey ! ငါနိုင်သွားပြီ နင်တို့ကတိအတိုင်း တစ်ဝိုင်း လုပ်လိုက်တော့ ...

Luhan : အမလေး စောပါသေးတယ်နော် ... နေဦး ငါတို့ တစ်ခုလုပ်ခိုင်းဦးမယ် ဘာလုပ်ခိုင်းရင်ကောင်းမလဲ ??

Xiumin : သိပြီ ဟိုမှာ ဘောကွင်းတစ်ကွင်း ချိတ်ထားတာတွေ့လား ? ဘောလုံးကို အဲ့ဘောကွင်းထဲ ဝင်အောင် ကန်ပြ !

Girl : အမယ် နင်တို့က ငါ့ကို လေပေါ်မှာ ရှိတဲ့ ဘောကွင်းထဲကို ဘောလုံးဝင်အောင်မကန်နိုင်ဘူးလို့ ထင်လို့လား ? အထင် Small လှချည်လား ??

Luhan : အမလေး လေလုံးကြီးမနေနဲ့ အရင်ဝင်အောင်ပဲ ကန်ကြည့်ပါဦး ဘောကွင်းအပေါက်က ငါတို့ကန်နေကျ ဂိုးတိုင်ထက်စာရင် အများကြီး သေးတယ်

Girl : Hk Hk ဒီလောက်က ပျင်းတောင်ပျင်းသေးး သေချာမျက်လုံးကို ပြူးပြီး ကြည့်ထား ! ၂ ခါပြန်ကန် မပြဘူး !

ထိုကောင်မလေး ဘောလုံးကို မြေကြီးပေါ်သို့ ချကာ အနောက်သို့ ခြေအနည်းငယ်ဆုတ်၍ အရှိန်နှင့်ပြေးကာ ကန်ထလိုက်သည် သူမကန်လိုက်သော ဘောလုံးမှာ ဘောကွင်းပေါက်ထဲသို့ တည့်တည့်ပင် ...

Girl : Goal !!!!! Yayy !!!!!

Luhan & Xiumin : Shit !!!!

Girl : ကဲ တွေ့တယ်နော် ညနေကျရင် ဖုန်းဆက်လိုက် ဘယ်ဆိုင်မှာ Booking လုပ်ထားလဲ လှမ်းပြော !

Luhan : အေးပါ အေးပါ မျိုဖို့တော့ ရတယ် သွားစမ်းပါ မေတ္တာကို မရှိဘူး

Xiumin အားမရှိသောလေသံနှင့်

Xiu : Lu ရေ နင်နဲ့ငါနဲ့ တစ်ဝက်စီ ခံမယ်နော်

Luhan : အေးပါ လောလောဆယ်တော့ ငါ့လက်ထဲမှာ တပြားမှမရှိဘူး အဖေ့ဆီက တောင်းရဦးမယ် ...

He Or She ???Where stories live. Discover now