Part 17

901 117 6
                                    

Transformer အထက်တန်းကျောင်း Canteen တစ်နေရာ၌ပုံစံ ခပ်ဟော့ ဟော့ ကောင်လေးတစ်ယောက်နဲ့ မေးရိုးချွန်ချွန် ခပ်လန်းလန်း ကောင်လေးတစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ရင်း

Kai>>ဟာ သွားပြန်ပြီ အစက ပြန်လုပ်ရဦးမယ် လေတယ် ဘာမှကိုအဆင်မပြေဘူး

Sehun သူ့ရှေ့မှာ ဖုန်းတစ်လုံးကို တောင်စောင်းလိုက် မြောက်စောင်းလိုက်လုပ်ရင်း ပါးစပ်ကနေလည်း အရည်မရအဖတ်မရ မြည်တွန်တောက်တီးနေသော Kim Jongin ခေါ် Kai ဆိုတဲ့ သူငယ်ချင်းအရင်းအရင်းခေါက်ခေါက်ကြီးကို လေပါတယ်ဆိုတဲ့ အကြည့်နဲ့ ပါးစပ်က စုပ်တစ်ချက်သပ်လိုက်ရင်း

Sehun>>>… game ပဲ ထိုင်ဆော့မနေနဲ့ အချိန်တွေက ရပ်နေတာမဟုတ်ဖူး

Kai>>>အမယ် လာ လာချည်သေး ဘာလဲ

A4 အရွယ် စာရွက်အထပ်လိုက်ကို ထောင်ပြရင်း
Sehun>>>ဒီမှာလေ ဒီမှာ အခုထိ စာရွက်ပေါ်စာတစ်လုံးမှမထင်သေးဘူး

Kai ဖုန်းပိတ်ပြီး Sehun မျက်နှာကို စေ့စေ့ကြည့်လိုက်ကာ

Kai>>>ဘယ်ထင်မလဲ မင်းမှ စာတစ်လုံးမှမရေးတာ

ခပ်တည်တည်နဲ့ ပြောချင်တာပြောပြီး Canteen ထိုင်ခုံကနေ ထသွားတဲ့ Kai နောက်ကို Sehun မျက်စောင်းနီကြီးထိုးပြီး သူလည်းနောက်က ကပ်လိုက်လာသည်။

Sehun>>>ဟ ဒါဆိုမင်းကော အဲ့game က assignment လုပ်ပေးလို့လား ငါနဲ့ စာတူတူလုပ်ဖို့ကျ စိတ်ထဲမထားဘူး သူ့game ပဲ နေ့မအိပ်ညမအိပ်ဆော့နေပြီး ငါ့ကျ game လောက်တောင်အရေးမထားဘူး ။မင်းလည်းမလုပ်ရသေးဘူးမလား

Kai လည်း နောက်ကနေ တွတ်ထိုးသလို တစ်တွတ်တွတ်နဲ့ တော်ကီ ပွားနေသော Sehun ကို စိတ်မရှည်တော့သဖြင့်  နားကြပ်ကောက်တပ်လိုက်ကာ
မကြားချင်ယောင်ဆောင်နေလိုက်သည်။

အဲ့ဒါလည်း နောက်ကနေ ကပ်လိုက်ပြီး ပွစိပွစိပြောနေသေးသည်။

Kai ရဲ့စာသင်ခန်းက အပေါ်ထပ်မှာမို့လို့ Kai အပေါ်ထပ်တတ်တော့လည်း တောက်တဲ့ပမာ နောက်က လိုက်တတ်လာသည်။

Kai လည်း အပေါ်ထပ်ထိ Sehun တတ်လာမှန်း သိတော့ နားကြပ်အသာဖြုတ်လိုက်ပြီး နောက်လှည့်ကာ

LOVE MELODYWhere stories live. Discover now