တွေ့ချင်မိတယ်...♡ChanSoo Family♡

1.2K 95 3
                                    

27/12/2015......

ဒီနှစ် ဒီဇင်ဘာလအတွက် ရက်စွဲလေးတခုပါ
ဘာနေ့လေးလဲမေးခဲ့ရင် 27 ဆိုတာ
Park Chanyeol ဆိုတဲ့ကောင်လေးရဲ့ မွေးနေ့ရက်ဖြစ်ပြီး 12 ဆိုတာ
Do Kyungsoo ဆိုသူလေးရဲ့ မွေးနေ့ရက်စွဲလေးပါ ။

ချစ်ဖို့ကောင်းတဲ့ သူတို့လေးနှစ်ယောက်အတွက် အမှတ်တရဖြစ်စေမယ့် ရက်စွဲလေး တခုကို သတ်မှတ်မယ်ဆိုပြီး နှစ်ဆယ့်ခုနစ်ရက်နေ့ လှပတဲ့ ဒီဇင်ဘာလလေးကို
ရွေးဖြစ်ခဲ့ပါတယ် ။

ဒီဇင်ဘာလို့ ပြောတော့ သတိရမိသွားတာလေး တစ်ခု ရှိမိသေးတယ် ။
EXO Showtime Episode ( 4 ) တုန်းက
Christmas အပိုင်းလေးမှာ Chanyeol ပြောခဲ့တဲ့ စကားလေးတစ်ခွန်း သူ ဆယ့်ကိုးနှစ်သား တုန်းက X'mas မှာ Kyungsoo နဲ့အတူရှိနေခဲ့တယ်ဆိုတဲ့
အကြောင်းလေးပါ ။

ဒီလို သူတို့နှစ်ယောက်အတွက် ရက်စွဲလေး
တစ်ခုအဖြစ် ရွေးချယ်ဖြစ်ခဲ့တဲ့ အဲ့နေ့လေးမှာ ပျော်စရာအမှတ်တရလေးကို ဖန်တီးဖြစ်ချင်ပါတယ် ။
တစ်ခါမှ မရှိခဲ့ဖူးတဲ့ အမှတ်တရ ရက်စွဲလေး
တစ်ခုအတွက် တစ်စုံတစ်ခု ဖြစ်မြောက်သွားအောင် လုပ်ပေးချင်တဲ့
စိတ်ကူးရှိခဲ့တာ  ကြာပါပြီ ။
ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းအရ ဒီနှစ်မှာလည်း မလုပ်ဖြစ်နိုင်ခဲ့ပါဘူး ။ ဒါပေမယ့် နောက်နှစ်က စလို့တော့ တကယ်ကို အထိမ်းအမှတ် အမှတ်တရ လေး
တစ်ခုဖြစ်မြောက်အောင် လုပ်ပေး ချင်မိပါတယ် ။
အဲ့အတွက်ကို ဒီနှစ် 27/12/2015လေးမှာတော့ လူစုတဲ့ သဘောလေးကို လုပ်ချင်ပါတယ် ။
ဘယ်နှစ်ယောက်လောက်တော့ လာနိုင်မယ်ဆိုတာလေး ။ ဘယ်လိုလေး လုပ်ဖြစ်ကြမယ် ဆိုတာလေး ။ ဘာတွေ စီစဉ်ကြမယ်ဆိုတာတွေကို ဆွေးနွေးကြတဲ့ သဘောမျိုးပေါ့ ။ နောက်ပြီး ဒီနှစ် တွေ့ဆုံပွဲလေး ကို လာပေးကြမယ့် သူတွေကိုလည်း လက်ဆောင် လေးတွေ ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ လူပဲ ရောက်အောင် လာပေးကြပါ ။
အကြံဥာဏ်လေးတွေ ပေးကြဖို့ နောက်နှစ်မှာတော့ တကယ်ကို လုပ်ပေးနိုင်ဖို့ လာပေးကြပါ။

ChanSoo ကို Tom&Jerry လေးမို့ ချစ်ပေးတဲ့သူများရော EXO မန်ဘာ လေးနှစ်ယောက်ရဲ့ ပျော်စရာနေ့လေး တစ်နေ့အဖြစ်နဲ့ရော ပါဝင်ချင်တဲ့သူများ
အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။
Tom&Jerry လေးကို ချစ်တဲ့သူ မည်သူမဆို တွေ့ဆုံပွဲလေးကိုတက်ရောက်နိုင်ပါတယ်နော် ။
ကျေးဇူးတင်ပါတယ် ။

Date  -27/12/2015
Time  -11:00 am to 2:00 pm
Place -Lotteria (Junction Square)

Hotline - 09250088441 / 09791685907 /     
09795275560

ပြန် share ပေးတာပါ......
တွေ့ချင်တယ်......
CS family and Tom&Jerry လေးကို ချစ်တဲ့လူတိုင်းနဲ့......

~~~Chan❤Soo Gif Studio~~~Where stories live. Discover now