33 coin

2.8K 283 8
                                    

တိတ်ဆိတ် ငြိမ်သက်ခြင်းများက မဟူရာရောင် ညအလယ် အကြားအလပ်မရှိ နေရာအပြည့် ယူထားလျက်---

တောက် တောက် တောက်----

နံရံတွင် ချိတိထားသော ဒစ်ဂျစ်တယ် မဟုတ်သည့် ဓါတ်ခဲနာရီလေး၏ တစ်ရွေ့ရွေ့ လှုပ်ရှားနေသံများက ---

ရင်ဘတ်ထဲတွင် တဒုတ်ဒုတ်နှင့် မြန်ဆန်စွာ ခုန်နေသည့် နှလုံးခုံသံတွေနှင့် အပြိင်ပဲပေလား?ု

နဘေးတွင် အိပ်ပျော်သွားသော သားလေး မျက်နှာလေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြန်တော့---

xingရဲ့ သားလေးပါလို့ မိတ်ဆက်ပေးစရာမလိုအောင်ကိုပင် အဖေနှင့် ချွတိစွတိ တူနေသည့် သားလေးအား စိုက်ကြည့်နေရင်း မျက်ဝန်းတွေထက် မျက်ရည်စလေးတွေ မဖိတိခေါ်ပဲ ရောက်လာပြန်ရောပေါ့----

ဆောင်းမကျ ဆောင်းဦးလည်း မကုန်သေးသော အေးစိမ့်စိမ့် ရာသီဥတုလေးက su ရဲ့ ခံစားချက်တွေကို ပိုပြီးပြင်းထန်လာအောင် လှုံ့ဆော်ပေးနေသယောင်----

xing ရယ်-----

ရူးမတတ် သတိရနေခဲ့ရတာပါ----

အသဲနှလုံးတွေ ပြုတ်ထွက်မတတိ xing ကို တွေ့ချင်စိတ်တွေက ရင်ထဲ မွန်းကျပ်စွာနဲ့----

xing မျက်နှာလေးကို ဘာတွေပြောင်းလဲသွားပြီလည်း ဆိုပြီး ---

xing ရဲ့ နွေးထွေးတဲ့ ရင်ခွင်လေးထဲမှာ အပြည့်ဝ ပွေ့ဖက်ပြီး ဖြူစင်တဲ့ xing ရဲ့ ကိုယ်သင်းနံ့လေးတွေကို တယုတယ နမ်းရှိုကိခွင့် ရချင်မိတယ်-----

ဒါပေမယ့်----

ကျွန်မရဲ့ စိတ်---

ကျွန်မရဲ့ အလွမ်းတွေကို---

ကျွန်မ ဘာကြောင့် သိုဝှက်ထားနေမိတာလည်း?

---------------------------===--=========----------

အချိန်က လူကိုပြောင်းလဲစေတတိတယ်တဲ့---

chen;ဟင် xing----!!

နံနက်ခင်း စောစော ပါတ်ဝန်းကျင်ကြီး တစိခုလုံးတွင် နေရာအပြည့်ယူထားလျက်ရှိသော မြူနှင်းမှုန်လေးတွေကြား၌ အဖြူရောင် သိုးမွှေးဆွယ်တာ လေးကို ဝတ်ဆင်ထားလျက်---

XINGDRELLAWhere stories live. Discover now