If.....

1K 54 8
                                    

I THINK I LOVE YOU

မိုးတွေရွာတိုင်းရွာတိုင်း နင့်ကိုသတိရမိတယ်ဆိုတာ နင်သိရင်သိပ်ကောင်းမှာဘဲ

ငါနင့်ကိုစပြီးသတိထားမိတာကလဲ မိုးရွာထဲမှာဘဲလေ နင်ကတော့ဘယ်သိလိမ့်မလဲ

နင့်နာမည်က Kim Han Bin
စစချင်းတွေ့တဲ့နေ့မှာ ငါနဲ့ပြိုင်ဘက်တစ်ယောက်ပေါ်လာပြီလို့ခံစားရလို့ နင့်ကိုငါ မုန်းခဲ့မိပါတယ်
ငါဝန်ခံပါတယ် နင့်ကို အမြင်မကြည်ခဲ့မိဘူး

အဲ့ဒီတုန်းက တစ်ကိုယ်ကောင်းသိပ်ဆန်တဲ့ငါ့စိတ်ဓာတ်
ငါသာအတော်ဆုံးဖြစ်နေရမယ် ငါကသာ ထိပ်ဆုံးမှာရှိနေရမယ် ဆိုတဲ့ အတ္တတွေ ကြီးခဲ့မိတာတွေ
နင့်ကိုတောင်းပန်ချင်ပါတယ်

တဖြေးဖြေး နင်နဲ့ခင်မင်လာရတော့ နင်က စိတ်သဘောထားအရမ်းကောင်းတဲ့လူတစ်ယောက်ဆိုတာ ငါသိလာရတယ်

ထားလိုက်ပါလေ အခုချိန်မှာ ငါနင့်ကိုဖွင့်ပြောချင်တယ်
ငါ့အတွက်အခွင့်အရေးရောရှိပါဦးမလား

ဟားဟား ...ငါ့ကိုယ်ငါလဲရယ်ချင်ပါတယ်လေ

Last two years ,

Teacher........ဒီနေ့ ကျောင်းသားအသစ်တစ်ယောက် မင်းတို့နဲ့အတူတူ စာသင်လိမ့်မယ်

သူကတော့ Kim Han Bin !

စာအသေတော်တယ်နော် ..YuNa ရေ သမီး ကြိုးစားထားပေတော့ ..သမီးရဲ့ ပြိုင်ဘက်ဘဲ

YuNa ....ဘာလဲဟ....ငါက သာ အတော်ဆုံးဘဲ ကြည့်ကြသေးတာပေါ့ Kim Han Bin ရာ !!

ပထမ စာမေးပွဲ ရလဒ် များ ထွက်လာသောအခါ

1st .kim han bin
2nd .park yuna

YuNa ....တောက် !! ငါ့ကိုဒီလိုကြောလို့ဘယ်ရမလဲ
နောက်စာမေးပွဲ ကြည့်ကြည့်လိုက် နင့်ထက် အပြတ်အသတ် ကို သာ နေစေ ရ မယ်

HanBin ..YuNa ??? YuNa !! ဘာတွေတွေးနေတာလဲ ...ငါခေါ်တာလဲမကြားပါလား

YuNa ....အော်....အေး ...ဘာပြောမလို့လဲ ..ပြောလေ

HanBin ...ငါ 1st ရသွားလို့ ငါ့ကိုမကျေမနပ်တော့ မဖြစ်ပါဘူးနော် ...ဟီး

YuNa...မဖြစ်ပါဘူး ....ဒါမျိုးက အရည်အချင်းနဲ့ဆိုင်ပါတယ် ..နောက်တစ်ခေါက်ပေါ့ နင် 2nd ရမှာ

If.....Where stories live. Discover now