Episode 7

736 63 10
                                    

တစ်​​ယောက်​ကလည်း မျက်​ရည်​​တွေေ​ဝ​နေပြီး မငိုဘဲ အံကြိတ်​ထားလို့...

"သူသိပ်​ယုတ်​မာတယ်​ omma.... သမီးသူ့ကိုရွံတယ်​ သိပ်​မုန်းတယ်​ ဘယ်​​တော့မှပြန်​မ​ပေါင်းဘူး" တဲ့...

တစ်​​ယောက်​ကကျ​တော့

"ကျ​​တော်​သူ​ပြောသလိုမဟုတ်​ပါဘူး ommonim...သူ့ကိုကျ​တော်​ အရိပ်​တကြည့်​ကြည့်​နဲ့ချစ်​ခဲ့တာပါ...ကျ​တော်​အမှားကိုကျ​တော်​သူ​ကျေနပ်​တဲ့အထိ ​တောင်းပန်​ပါရ​စေ..ရှင်းပြခွင့်​ပြုပါ yeollie ကို​တွေ့ပါရ​စေommonim.."

ရောက်​လာကြ​တော့​ရှေ့ဆင့်​​နောက်​ဆင့်​...
ဘာ​တွေဖြစ်​လာကြမှန်းလည်းမသိ...
နောက်​​တော့မှတစ်​ခွန်းတစ်​စထွက်​ကျလာသည့်​စကား​တွေနှင့်​ လူကြီးမို့ဆက်​စပ်​​တွေးကြည့်​လိုက်​​တော့ ဘာ​ကြောင့်​ဖြစ်နိုင်​သလဲဆိုတာကိုရိပ်​မိလာရ​တော့သည်​။
သို့​​သော်​ suho ဘာမှမတတ်​နိုင်​...

"ထွက်​​တွေ့ဖို့ကိုလုံးဝ​ပြောမရ​တော့ဘူးသားရယ်​ ဒါကသူ့ဆုံးဖြတ်​ပိုင်​​ခွင့်​ဖြစ်​​နေ​တော့ ommonim တို့ဘာမှတိုက်​တွန်းလို့မရဘူး​"

"မှန်​ပါတယ်​ အဲဒါသူ့ဆုံးဖြတ်​ခွင့်​ရှိပါတယ်​ ကျ​တော်​မှားသွားတာလဲမှန်​ပါတယ်​ ဒါ​ပေမဲ့​ကျ​တော်​လူယုတ်​မာ​တော့မဟုတ်​ပါဘူး အဲဒါကိုကျ​တော်ရှင်းပြရမှဖြစ်​မယ်​ ဘယ်​လိုအပြစ်​ပဲ​ပေး​ပေးခံယူဖို့လာခဲ့တာပါ ​တွေ့ခွင့်​​လေး​တော့​ပေးပါ ommonim..."

kris ကဇွတ်​​တောင်းဆိုသည်​..
yeolကလုံးဝအ​တွေ့မခံ။တစ်​အိမ်​တည်းမှာနှစ်​​ယောက်​ရှိ​နေပြီး ဘယ်​လိုမှမျက်​နှာချင်းဆိုင်​​ပေးလို့ မရဘဲ တစ်​​ယောက်​ကတစ်​မျိုး တစ်​​ယောက်​ကတစ်​မျိုး "

"သူကဘာဖြစ်​လို့မပြန်​​သေး​တာလဲ သမီးလုံးဝထွက်​မ​တွေ့​ဘူး omma သမီးဒီမှာပဲထမင်းစားမယ်​"

အထဲကိုထမင်း​ပို့​ပေး​တော့လဲ ထမင်းနှစ်​လုပ်​ သုံးလုပ်​စားလိုက်​ တက်​​ခေါက်​လိုက်​ ပြီး​တော့ထမင်းပန်းကန်​​တွေကို​ဘေးဖယ်​ပစ်​ကာမစား​တော့ဘူးဖြစ်​ပြန်​သည်​။
တစ်​​ယောက်​က​ကျ​တော့လည်း...

"သား..​တော်​ပြီလား ကြိုက်​တဲ့ဟင်းမပါလို့လားကွယ်​ ဘာမှလည်းမစားဘူး..."

"စားပါတယ်​ ommonim အစားနည်းတာက ဟင်းမ​ကောင်းလို့မဟုတ်​ပါဘူး စားလို့ကိုမရ​တော့လို့ပါ"

တစ်​​ယောက်​ကိုအ​ကြောင်းတစ်​မျိုးစီနဲ့ မစား​သောက်​နိုင်​ဖြစ်​​နေတာကို လူကြီး​တွေက ဘယ်​လိုမှမတတ်​နိုင်​​တော့ စိတ်​ညစ်​ရပြန်​သည်​။
kris ကတစ်​ညလုံး ​ယောက်​ခမ ​ဖြစ်​သူ​တွေနှင့်​စကား​ပြော​နေကာ အားလုံးအိပ်​ရာဝင်​ကြ​တော့ ငုတ်​တုတ်​ကျန်​​နေခဲ့ပြီး yeol ရှိ​နေသည့်​ အ​ပေါ်ထပ်​ကိုသာ တကြည့်​ကြည့်​...

"အဲ့ ကိစ်​စ ဘယ်​လိုရှင်း​ပေးကြမလဲ su.."

"မသိ​တော့ဘူး အစ်​ကိုရယ်​...kris ကသမီးကိုအပါ​ခေါ်ဖို့ဆုံးဖြ​တ်​ထားတဲ့ပုံပဲ..."

"ဟုတ်​တယ်​ kris က​တော်​​တော်​မြတ်​နိုး​နေပုံရတယ်​​သမီးကို su နားချ​ပေးလိုက်​ပါ"

"​သြော်​..အစ်​ကိုရယ်​ စကားကိုအဟမခံတာ ဘယ်​လိုလုပ်​ရမလဲ သမီးစိတ်​ကိုအစ်​ကိုသိရဲ့သားနဲ့..."

"သူကလည်း သူ့ဇနီးမယားဆိုတဲ့ အမြင်​နဲ့ ဇွဲ​လျှော့ပြန်​မှာမဟုတ်​ဘူး..."

ညအိပ်​ရာဝင်​​တော့ ဒီကိစ်​စကိုပဲ​ပြောကြရင်း သူတို့လည်းအိပ်​​ရေးပျက်​ရသည်​။
ထို့ထက်​ပိုဆိုးသွားသည်​က​ ​နောက်​​နေ့ည​နေ​စောင်း​လောက်မှာ xiumin ကိုယ်​တိုင်​​ရောက်​လာခြင်း​ကြောင့်​ဖြစ်​သည်​။

~•°•~~°•°~~•°•~~°•°~~•°•~~°•°~~

>>>>>To Be Continue>>>>>

အဟမ်း...readerတို့ကို​ပြောစရာ​လေးရှိပါတယ်​။
author ဒီ fic ကိုတစ်​လ​လောက်​နားထားမလို့ပါ။
authorတို့​ကျောင်းစာ​မေးပွဲကြီးနီး​နေပါပြီ။စာ​ကုန်းကျက်​ရပါ​တော့မယ်​။အကြိုစာ​မေးပွဲအမှတ်​​တွေမှာပျံလန်​​နေလို့ကိုယ့်​အ​ခြေအ​နေကိုယ်​သုံးသပ်​ပြီးစာကုန်းလုပ်​ရပါ​​တော့မယ်​။အခု​တောင်​စာကျက်​မယ့်​အချိန်​ကိုဖဲ့ပြီး အပ်​ဒိတ်​လုပ်​ပေးတာပါလို့။အာ့​ကြောင့်​မတရားတိုသွားပါတယ်​။
reader တို့ ဒီfic ကို library နဲ့ reading listထဲကမထုတ်​​လိုက်​ပါနဲ့​နော်​။နောက်​လရဲ့​နောက်​လ​လောက်​ပြန်​လာပါ့မယ်​။မျှော်​မယ့်​သူရှိရှိမရှိရှိကတိ​ပေးပါတယ်....;-) 

Thz my all readers for reading...
90°bow....

____________________________________

You've reached the end of published parts.

⏰ Last updated: Jan 28, 2016 ⏰

Add this story to your Library to get notified about new parts!

Only YouWhere stories live. Discover now