Part (1)

1.2K 133 33
                                    

"Essential"

[KrisHo * Yaoi]

By*Maykris_KT

>>>

" Best New Actor Award 2016 ဆုကို ရရှိသွားသူကတော့ "Kris Wu" ဖြစ်ပါတယ်!
Congratulations ပါ Kris Wu!"

ထိုအသံနဲ့အတူ ကွင်းတစ်ကွင်းလုံး ပရိသတ်တွေက အုတ်အော်သောင်းနင်း အားပေးနေကြသည်!သူ ကျွန်တော့်ကို ထွေးပွေ့လာမယ့် လက်တစ်စုံကို ကျွန်တော် ဖယ်ချပြီး စင်ပေါ်ကိုပဲ သူ့ကို အတင်းတက်ခိုင်းလိုက်တယ်!သူ့အကြောင်း ကျွန်တော် အသိဆုံးပဲလေ......မဟုတ်ရင် အနုပညာ အသိုင်းအ၀ိုင်းရှေ့မရှောင် သတင်းထောက်တွေရှေ့မရှောင် ဖက်တတ်လွန်းလို့ ဟိုတလောကတောင် media တခုရဲ့ဖော်ပြခြင်းကို ခံခဲ့ရတယ်လေ!သူ တွန်းထုတ်ခံရလို့ ထင်ပါ့ ကျွန်တော့်ကို အိမ်ပြန်ရောက်မှတွေ့မယ်လို့ သူ့မျက်ဝန်းတွေက ပြောနေသည်!ကျွန်တော် တွန်းထုတ်လိုက်ပေမယ့် သူ့ကို ဂုဏ်ပြုဖို့ ကမ်းလှင့်နေတဲ့ လက်တွေ အများကြီးပါ ကျွန်တော်ကတော့ အိမ်ရောက်မှ ပွေ့ဖက်ပြီးဂုဏ်ပြုပေးလည်း နောက်မကျပါဘူးလေ!အခု အရေးကြီးတာက တက်သစ်စ မင်းသားတစ်ယောက်အနေနဲ့ လူတွေက သူ့ကို စောင့်ကြည့်နေကြတာလေ နည်းနည်းလေးတောင် မှားယွင်းလို့မဖြစ် မှားယွင်းလို့လည်းမရအောင် ကျွန်တော်ထိန်းသိမ်းရမည်!သူ့ ရဲ့ စိတ်ကူးအိပ်မက်တွေက အကောင်အထည် စပြီး ပေါ်လာပြီလေ!ကျွန်တော့် လွင့်တင်ခဲ့တဲ့စွန်လေးက မြေပြင်ထက်ဝေးရာ ကောင်းကင်ပြာကြီးမှာ အမြင့်ဆုံးထိ ပျံသန်းစေရမှာပေါ့ဗျာ!

>>> At Home <<<

Suho < Kris~~~

Kris > __________

Suho < Kris! ကလေးလည်း မဟုတ်တော့ဘူးနော်...ကောက်တာ ချိတ်တာတွေ လုပ်နေပြန်ပြီလား?

Kris > Hyung...လုပ်ပုံရော ဟုတ်လား?

Suho < မင်းကဘယ်လိုဖြစ်စေချင်နေတာလဲ?media တွေအကြောင်းလဲ သိရဲ့သားနဲ့...အကုန်လုံးက စောင့်ကြည့်နေကြတာ!

Kris > အတင်းတွန်းလွှတ်စရာလိုလို့လား Hyung ရယ်?ဘယ်သူ ကြည့်ကြည့် ကျွန်တော် ဂရုမစိုက်ဘူး ကျွန်တော့်ဘ၀မှာအရေးကြီးဆုံးက Hyung ပဲ......

Suho < တော်တော့ကွာ မင်းနဲ့ငါ ဒီလို ကိစ္စလေးတွေနဲ့ စကားမများချင်ဘူး!

EssentialWhere stories live. Discover now