Part-9 (final)

1.1K 121 9
                                    

Celebrity Missing
Part-9

ီ fic ကို update မလုပ်ဖြစ်တာ ၁ နှစ်နီးပါးတောင်ရှိတာမို့ မမှတ်မိရင်အပေါ်ကနေပြန်ဖတ်ပေးပါနော်

တနှစ်ခန့်ကြာသော်
******************

နာမည်ကြီးအဆိုတော် Luhan အခွေသစ်ထွက်ပြီး တလခန့်အနားယူမည်။

ကျွန်တော် SME ကိုပြန်ရောက်ပြီး အနုပညာအလုပ်ပြန်လုပ်နေတာ ၁ နှစ်လောက်ရှိသွားပြီ။
အခု solo အခွေ အသစ်တောင်ထပ်ထွက်ပြီးသွားပြီလေ။
ကျွန်တော် သရုပ်ဆောငိထားတဲ့ ဇာတ်လမ်းတွေလဲ အများကြီးထွက်ခဲ့ပြီလေ။
ဒီတနှစ်အတွင်းအလုပ်တွေ ဖိလုပ်နေခဲ့တာ။
အတိတ်ကို နည်းနည်းလေးမှ သတိမရချင်တာလဲပါတာပေါ့။
မဟုတ်ရင် ကျွန်တော့်အပေါ်ရက်စက်ခဲ့တဲ့ သူ့ကို သတိရနေမိတယ်လေ။
အဖေကတော့ဆိုးလ်မြို့ကို ပြန်လိုက်မလာပဲ ထိုရွာလေးမှာပဲနေခဲ့တယ်
အလုပ်တွေမအားလို့ အဖေရှိတဲ့ရွာကို တနှစ်အတွင်းတခေါက်မှမရောက်ဖြစ်ခဲ့ပေမယ့် အဆက်အသွယ်တော့အမြဲရှိနေခဲ့တယ်။
ဒီတနှစ်အတွင်းကျွန်တော်အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ။
အရင်ကနဲ့ မတူတော့တဲ့ Luhan အသစ်ဖြစ်သွားပြီလေ။
အချစ်ဆုံးသူရဲ့ သစ္စာဖောက်ခြင်းကိုခံရတဲ့အတွက်ကြောင့် သူ့ကိုစိတ်နာခဲ့တယ်
ထိုအကြောင်းတွေကို ပြန်တွေးတိုင်း ရင်ထဲတဆစ်ဆစ်နာကျင်နေပေမယ့် ဖြုစင်တဲ့မျက်နှာလေးနဲ့ ပြုံးပြနေတဲ့ မင်းကို အရမ်းသတိရတယ်............

Flash Back......

ကျွန်တော် Xiumin ဆီပြန်ရောက်လာပြီး သူရယ် သူ့အဖွားရယ် ကျွန်တော့်အဖေရယ် တအိမ်ထဲအတူနေခဲ့တယ်
ကျွန်တော်တို့ မိသားစုလေး အရမ်းကိုပျော်ရွှင်ခဲ့ရတယ်
ကျွန်တော်လဲ သူ့ကို လက်ထပ်ခွင်တောင်းတော့ သူလက်ခံခဲ့တယ်။
ဖေဖေနဲ့ဘွားဘွားက ရွာထဲက ဘုရားကျောင်းတခုမှာ အကျဉ်းချုပ်မင်္ဂလာပွဲလေးတခုစီစဉ်ပေးကြပါတယ်။
ကျွန်တော်အရမ်းပျော်ခဲ့တယ် သူနဲ့အတူတသက်လုံးနေရတော့မယ်လေ။
ဒါပေမယ့် မင်္ဂလာဆောင်တဲ့နေ့မှာ SM ကလူတွေ ကျွန်တော့်ကိုပြန်ရှာတွေ့သွားကြတယ်
မင်္ဂလာပွဲကို အတင်းဖျက်စီးပြီး ကျွန်တော်နဲ့သူ့ကိုခွဲကြတယ်
သူကငိုပဲငိုနေပြီး ကျွန်တော့်ကို လာမကယ်ပါ။
ကျွန်တော့်ကို ထိုခန်းမထဲက ခေါ်ထုတ်သွားတာကို ဒီအတိုင်းရပ်ကြည့်နေတယ်။
ပြီးတော့ ကျွန်တော်တို့ CEO ပေးတဲ့ ပိုက်ဆံကို ကျွန်တော့်မျက်စိရှေ့မှာပဲ သူလက်ခံလိုက်တာ
ဒါဆို ကျွန်တော့်ကို ရှာတွေ့တယ်လို့ company ကိုအကြောင်းကြားတာသူပေါ့။
ကျွန်တော့်ကို company ကိုပြန်အပ်တာ သူပိုက်ဆံတွေလိုချင်လို့ပေါ့။
ကျွန်တော့်ကိုအရမ်းချစ်တဲ့သူက ဘာလို့များ ဒီလိုလုပ်ခဲ့ရတာလဲ?
လုံးဝနားမလည်နိုင်ခဲ့ဖူး
ပိုက်ဆံတွေကို အိတ်ထဲထည့်ပြီး ကျွန်တော့်အနားကထွက်သွားသည့်သူ့ကို ကြောင်တောင်တောင်ငေးကြည့်နေမိသည်။
ပိုက်ဆံကြောင့်တဲ့လား?ပိုက်ဆံကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလား?
ကျွန်တော်ကတော့ သူ့ကိုချစ်လွန်းလို့ ကျွနိတော်ချစ်တဲ့ အနုပညာအလုပ်ကိုစွန့်ပစ်ဖို့တောင်လုပ်ခဲ့တာ။သူကတော့ ဒီလိုမျိုး သစ္စာဖောက်သွားခဲ့တာလေ။

Celebrity Missing {XiuHan}Where stories live. Discover now