Ep3

131 17 2
                                    

Ep2 recall:

CR: ဟင်​....... ဘယ်​မှာ...seang အခုနားကြားမမှားပါဘူး​နော်​ woollim မှာလို့​ပြောလိုက်​တာလား ဟင်

LN:   inn သူတို့ဖက်​က staff တစ်​​ယောက်​လို​နေလို့တဲ့ တစ်ရက်ပဲ​​လေ unnie သူငယ်​ချင်းရဲ့ အစ်​မက​နေပြီးလူရှာ​နေတာကို မနည်း​တောင်း​ပေးခဲ့တာ မလုပ်​ချင်​ဘူးဆို​တော့လဲ.....

CR: ဟင့်​အင်း လုပ်​မှာလုပ်​မှာ ဘယ်​အချိန်​ဖြစ်​ဖြစ်​လုပ်​မှာ ပိုက်​ဆံမရရင်​​တောင်​လုပ်​မှာ တစ်​ရက်​ပဲလားဟင်​ နည်းလိုက်​တာ

LN:​စောနက​ပြော​တော့ အချိန်​မရှိဘူးဆို

CR:heez အဲ့ဒါ seang ကသက်​သက်​စတာလို့

~~~~~~~~~~

That day

At woollim

ဒါ ကျွန်​မအ​နေနဲ့ woollim ကို 15 ​ခေါက်​​မြောက်​​ရောက်​ခြင်းပါ အရင်​ကလဲ အားရင်​အားသလို အချိန်​ရရင်​ရသလို လာ​နေခဲ့​ပေမယ့်​ အခုတစ်​ခါက​တော့ ကွာခြားတဲ့ ခံစားမှုနဲ့​ပေါ့ ကျွန်​မက ဒီ entertainment ကြီးထဲကိုဝင်​ပြီး oppa ​တွေအတွက်​ အလုပ်​လုပ်​​ပေးရမယ်​ဆိုတဲ့ ခံစားချက်​က ကျွန်​မကို ထူးထူးခြားခြား​ပျော်​ရွှင်​​စေပြီး တက်​ကြွ​နေ​စေခဲ့ပါတယ်​ ဒါ​ပေမယ့်​ တက်​ကြွတဲ့စိတ်​နဲ့အတူ ​ကြောက်​လည်း​ကြောက်​မိတယ်​​လေ တစ်​ရက်​ထဲဆို​ပေမယ့်​ oppa ​တွေရှိ​နေတဲ့​နေရာကို မျက်​နှာချင်းဆိုင်​သွား​ရောက်​ရမှာမို့ တုန်​လှုပ်​​နေတဲ့ စိတ်​က ထိန်းလို့မရခဲ့ပါဘူး ဒါ​ပေမယ့်​ အလုပ်​က အလုပ်​ပဲမလား? Oppa ​တွေကို ​တွေ့ဖို့သွားရမှာ​ပေါ့လို့ ကိုယ့်​ကိုယ်​ကို အားတင်းကာ entertainment ထဲကိုပထမဦးဆုံး​ခြေလှမ်းစဝင်​ခဲ့ပါတယ်

Woollim ထဲကို​ရောက်​ခဲ့တာနဲ့ ပထမဦးဆုံးလုပ်​မိတဲ့အလုပ်​က​တော့ oppa ​တွေကိုလိုက်​ရှာတာပါပဲ တစ်​​နေရာရာ တစ်​​ထောင့်​​လေးကများ​ပေါ်လာမလားဆိုပြီး ​နေရာအစုံကို 360°လှည့်​ကာ ကြည့်​လိုက်​ရတာလည်းအ​မော ဒါ​ပေမယ့်​ oppa ​တွေက​တော့ ကျွန်​မရဲ့မျက်​စိ​ရှေ့မှာ မ​ပေါ်လာခဲ့ပါဘူး အခုမ​တွေ့ရလည်း​နောက်​လည်း​တွေ့ရမှာ​ပေါ့လို့ အားပြန်​တင်းပြီး ကျွန်​မအလုပ်​လုပ်​ရမယ့်​​နေရာကို သွားဖို့အတွက်​ ကျွန်​မကိုအလုပ်​​ခေါ်​ပေးတယ်​ဆိုတဲ့ သူရဲ့ရုံးခန်းကို​မေးလိုက်​တယ်

I met my idolDonde viven las historias. Descúbrelo ahora