Rilakkuma is.........??

1.8K 262 15
                                    

Exo first box မှာ Yeol က ပြောခဲ့ဖူးပါတယ်....

သူက "Taurus" လို့ နာမည်ပေးထားတဲ့ Rilakkuma အရုပ်လေးကို နိုင်ငံခြားသွားတိုင်းယူသွားပါတယ်တဲ့...

Hotel ခန်းထဲမှာ တစ်ယောက်တည်း အဖော်မဲ့နေရင် အဲ့ အရုပ်လေးကို အဖော်ပြုနေပါတယ်တဲ့...

သဘောက dorm က သူ့ရဲ့ အခန်းဖော် အစား   နိုင်ငံရပ်ခြားရောက်နေတုန်း အဲ့ အရုပ်လေးက သူ့ roommate လေး.....

First box က 2013 July လောက်မှာ ရိုက်ကူးထားတာပါ
Wolf era ပေါ့..
အဲ့တုန်းက Yeol ရဲ့ roommate က Baek ပါ...

သိကြမှာပါ
Puppy eyes လေးတွေ ရှိတဲ့ Baek ရဲ့ မူပိုင် သင်္ကေတလေးက  'ㅅ' 

အဲ့ သင်္ကေတ လေးက Rilakkuma အရုပ်လေးနဲ့ တော်တော်ကို ဆင်ပါတယ်...
အာ့ကြောင့် Rilakkuma အရုပ်လေးကို Baek ရဲ့ ကိုယ်ပွား အရုပ်လေးလို့ တောင်ပြောကြတယ်...

ပြီးတော့ Yeol ပေးထားတယ်ဆိုတဲ့ အရုပ်လေးရဲ့ နာမည်လေး "Taurus"
Baek ရဲ့ zodiac sign က "Taurus" ပါ

နောက် ပုံမှာ ပြထားတဲ့ သူ hotel ခန်းကို ယူယူ သွားတယ်ဆိုတဲ့ အရုပ်လေးက
Baek ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့မှာ Baek fansite တွေဖြစ်တဲ့ BESPECTRA နဲ့ BacktoBaek တို့က ပေးခဲ့တဲ့ Rilakkuma အရုပ်လေး ၂ ရုပ်ထဲက တစ်ရုပ်ပါရှင်....

အာ့ကြောင့် အဖြစ်နိုင်ဆုံးက
Baek fansite က Baek နဲ့တူလို့ ပေးခဲ့တဲ့ rilakkuma အရုပ်လေးကို Yeol က သူ foreign ရောက်တိုင်း Baek အစား roommate အဖြစ် ယူသွားတာပဲ ဖြစ်ပါတယ်....



            Yeol ယူသွားတဲ့ အရုပ်

BESPECTRA နဲ့ BacktoBaek တို့က ပေးခဲ့တဲ့ Rilakkuma အရုပ်လေး ၂ ရုပ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.





BESPECTRA နဲ့ BacktoBaek တို့က ပေးခဲ့တဲ့ Rilakkuma အရုပ်လေး ၂ ရုပ်



BESPECTRA နဲ့ BacktoBaek တို့က ပေးခဲ့တဲ့ Rilakkuma အရုပ်လေး ၂ ရုပ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




°••°••°••°••°••°••°

Feb 18 2016 တုန်းက ExoL တစ်ယောက်က Chanyeol omma ရဲ့ ဆိုင် Viva Polo ကို သွားခဲ့ပါတယ်တဲ့
အဲ့မှာ fan က သူ့ မှာ ရှိသမျ Exo ပစ္စည်းတွေကို ရိုက်ထားတဲ့ ပုံကို ပြခဲ့တယ်တဲ့

Feb 18 2016 တုန်းက ExoL တစ်ယောက်က Chanyeol omma ရဲ့ ဆိုင် Viva Polo ကို သွားခဲ့ပါတယ်တဲ့အဲ့မှာ fan က သူ့ မှာ ရှိသမျ Exo ပစ္စည်းတွေကို ရိုက်ထားတဲ့ ပုံကို ပြခဲ့တယ်တဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.





ဒီပုံလေးကို ကြည့်ပြီး omma က  ဒီ album တွေ ဒါတွေ အကုန် ဘယ်လောက်တောင်ရှိလဲလို့ ရယ်ပြီး ပြောခဲ့ပါတယ်တဲ့...

ပြီးတော့ Rilakkuma အရုပ်လေးကိုလည်း မြင်ရော

"Oh rilakkuma!! Wuri Chanyeol အခန်းက အိပ်ရာထဲမှာလည်း အဲ့အရုပ်တွေနဲ့ ပြည့်နေတာ ...
သိတဲ့ အတိုင်း Chanyeol ခြေထောက်က ရှည်နေတော့
အဲ့ အရုပ်တွေ ပြည့်နေတဲ့ ကုတင်ပေါ်ကို လှဲချဖို့ လုပ်လိုက်တိုင်း
အရုပ်တွေ ရှိတာကြောင့် လှဲမရဘဲ ကုတင်ဘေးကို ပြုတ်ကျသွားတတ်တယ် *laugh* "

Cr.exo10ten

အဲ့မှာ Yeol omma.က ပြောတယ်လေ...
Yeol အခန်းက ကုတင်က အိပ်ရာမှာ Rilakkuma အရုပ်တွေနဲ့ ပြည့်နေတာတဲ့....
Rilakkuma ဆိုတာ ဘယ်သူ့ကို ကိုယ်စားပြုလဲ သိပြီးကြမှာပါ.....
Dorm ကနေ အိမ်ခဏပြန်လို့
အိပ်နေရင်း နဲ့ အရုပ်လေးတွေကို ဘယ်သူ့ကို မြင်ယောင်ရင်း ဖက်နေတာလဲမှ မသိတာ x'D

နောက်တစ်ခု ရှိသေးတယ်....
Rilakkuma အရုပ်လေးက Yeol အရမ်း အရမ်း ကြိုက်တဲ့ အရုပ်လေးပါ...

ဘယ်လောက်တောင်မှလဲ ဆိုရင်
17.11.2015 Japan က ရွေးတဲ့
Top 10 star (deokhu) မှာ
Yeol က No.5 နေရာ ရပါတယ်...

deokhu ဆိုတာ Japanese Anime တွေ ဒါမှမဟုတ် anime နဲ့ ပက်သက်တဲ့ character တွေ, car , food တို့ကိုအရမ်းကြိုက်တဲ့ သူတွေကိုပြောတာ...

No.5 နေရာ ရ ရတဲ့ အကြောင်းရင်းကတော့ Yeol က Rilakkuma လေးကို အရမ်းကြိုက်လို့ပါ....

Exolusion တွေမှာဆို သူအဲ့အရုပ်လေးကို တကိုင်ကိုင်လုပ်နေတာကို တွေ့ဖူးကြမှာပါ....

Yeol အဲ့ အရုပ်လေးကို အရမ်းကြိုက်ရတဲ့ အကြောင်းရင်းကတော့
Baek နဲ့ တူလို့လားဆိုတာကိုတော့...........
သူပဲ သိနိုင်မှာပေါ့နော် =)

°••°••°••°••°••°••°••°••°

Feb 20  9:50

၁၇ ပြည်ဖို့ ၄ ရက် အလို ~~ အဟေးဟေး ...

Eternally ChanbaekWhere stories live. Discover now