Update ပါလို့ အနော် ဒိတ်နေကျထက်စောဒိတ်ပေးထားတယ်နော် vote လေးတွေလည်းပေးကျပါလို့ အားရှိအောင် Feedback လေးတွေလည်းပေးရင် စိတ်ဆိုးဘူးနော် ♡♡♡♡♡ဟီးးးးးး စတာပါစတာပါ အတည်ပြောတာပါလို့
Part-5 Recall..............
Kris: Channie Wae Wae ဘာလို့ငိုတာလဲ
Yeol: Arnnie Hyung miyarnae
ကျနော့်အသံငိုသံပါလာပြီး ကျနော် Hyung ပခုံးပေါ်ကိုမျက်နှာတင်ပြီးတော့ငိုမိတယ် ကျနော်အားပျော့တယ်လို့မမြင်စေချင်ဘူး ဘယ်သူ့ကိုမှ ပေါ့ အထူးသဖြင့်တော့ကျနော့်ပါပီရှေ့မှာပေါ့
ကောင်လေးတစ်ယောက်ကအခြားကောင်လေးကိုဖက်ထားတာကို ကောင်လေးတစ်ယောက်ကကြည့်နေတယ်ဆိုတာ ကြည့်နေတဲ့သူကလွဲပြီးဘယ်သူမှမသိလိုက်ပါဘူး
******************
Part-6
မျက်လုံးပေါ်နေရောင်ခြည်ကျလာတာနဲ့မျက်လုံးပိုင်ရှင်လေးလည်း နိုးလာပါပြီ အားးးမျက်လုံးတွေကဖွင့်လို့တောင်မရ မပွင့်တပွင့်မျက်လုံးများနဲ့ပဲ ရေချိုးခန်းထဲကိုထလာလိုက်တယ် ရေချိုးခန်းထဲကမှန်ထဲမှာတော့ မျက်လုံးလေးတွေကတော့ မို့အစ်နေတာကိုတွေ့ရခြင်းအားဖြင့် ဘယ်လောက်တောင်ငိုထားသလဲမပြောပြနိုင် သူကတော့ Park Chanyeol
မှန်မှာပေါ်နေတဲ့ကျနော့်မျက်လုံးတွေတကယ်ပဲသိသာနေတာလား မဖြစ်သေးပါဘူး ဒီနေ့ကျနော့် ပါပီနဲ့တွေ့ရဦးမယ် အောင်စာရင်းသွားကြည့်ဖို့လေ Baek yah မင်းပြုစားနိုင်လွန်းတယ် ကျနော်တကယ်ပဲကျနော့်နှလုံးသားပဲ အမှတ်သည်းချေမရှိသေးတာလား အရာအားလုံးကိုပဲ လစ်လျူရှုနိုင်စွမ်းတွေပဲများနေတာလား ကျနော့်ကိုယ်တောင်ကျနော်မသိတော့ပါဘူး လက်လွှတ်လိုက်ရမှာလား ကျနော်မသိဘူး
ခေါင်းကဆံပင်တွေကိုလက်လေးတွေနဲ့ထိုးဖွလိုက်ပြီး
ဟူးးးးးး
သက်ပြင်ရှည်လျားစွာချပြီး ကျနော်ရေမိုးချိုးစရာရှိတာချိုးပြီး အင်္ကျီတွေဘာတွေလဲပြီးအောက်ကိုဆင်းလာလိုက်တယ် အောက်ရောက်တော့ မနက်စာစားဝိုင်းမှာလူတောင်ဆုံနေပြီလေ

YOU ARE READING
If All For U
Fanfictionလူတွေက အချစ်ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကျပေမဲ့ ကျနော်ကတော့ ပေးဆပ်ခြင်းဆိုတဲ့အချစ်နဲ့ သူ့ကိုအရမ်းချစ်တယ် အရာအားလုံးမင်းအတွက်ဆိုရင် *Chanbaek* *Krisyeol* *Yaoi* #Chanyeol #Baekhyun #Kris #Chanbaek #Baekyeol #Krisyeol #exo #fanfic