Episode-7

688 77 14
                                    

EPISODE-7

ထိုစဉ် ကျယ်လောင်သော ကားဟွန်းသံတစ်ခုနှင့် အတူ ဆယ်ဘီးကားကြီးတစ်စင်း ဝေါကနဲ ဖြတ်မောင်းလာသည်.........

အနက်ရောင် လူရိပ်က လန့်ပြီး ကားလမ်းမပေါ်မှ နောက်သို့ခုန်ကာ ဆုတ်လိုက်သည်ကို Yoona တွေ့လိုက်သည်......

Yoona အတွက်လိုအပ်သည်မှာ အဲသည်အချိန်အခိုက်အတန့် ကလေးပင်ဖြစ်သည်...... Yoona ဝုန်းကနဲထပြီး တစ်ဟုန်ထိုးပြေးခဲ့သည်...... နောက်ကြောင်းကို ပြန်မကြည့်တော့......

မိနစ်ပိုင်းအတွင်းမှာပင် Yoona တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်ကာ "ဟော...ဟဲ...ဟော...ဟဲ" မြည်အောင် အမောဆိုက်ရင်း Jiyeonတို့ကျောင်း ဝင်းပေါက်သို့ ရောက်လာသည်......

အနားသို့အပြေးတကောဖြင့် ရောက်လာသော Yoona အား Sooyoung အံ့သြတကြီး လှမ်းကြည့်ရင်း......

Sooyoung- Yoona...... နင် ဘာဖြစ်လာတာလဲ......

Yoona- လူ...... လူ ငါ့နောက်လိုက်လာလို့......

ပြောပြောဆိုဆိုဖြင့် အနောင်ဘက်သို့ညွှန်ပြလိုက်သည်......

Yoona-ဟင်!!!

Yoona ပါးစပ်အဟောင်းသား ပွင့်ဟသွားသည်...... သူမနောက်သို့ မည်သူမျှ လိုက်လာခြင်းမရှိပါ...... စောစောကအနက်ရောင် ဝတ်စုံနှင့်လူသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေပြီ......

Yoona သက်ပြင်းချကာ စိတ်ကိုလျှော့လိုက်တော့သည်...... အခုနေ တစ်စုံတစ်ရာပြောလိုက်လျှင် Jiyeon တစ်ယောက် စိတ်ကယောက်ကယက်ဖြစ်သွား နိုင်ခြင်းကြောင့်ပင်......

Yoona- အလကားပါဟာ...... ဘာမှမဟုတ်တော့ဘူး......

Yoona ပြောလိုက်ရင်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည်...... မည်သည့်ကျောင်းသူ ကျောင်းသားကိုမှမတွေ့ရတော့...... သူမတို့ ကျောင်းနောက်ကျနေမှန်း Yoona သိလိုက်သည်...... ကျောင်းတက်ခေါင်းလောင်း ထိုးသွားပြီးလောက်ပြီ ဖြစ်သည်......

Yoona. Jiyeon ပုခုံးလေးကို ဖက်လိုက်ရင်း......

Yoona- Jiyeon na~~~ ကျောင်းမှာ ညီမလေးဘာသာ နေခဲ့လို့ ဖြစ်ရဲ့လား......

Jiyeon- ဖြစ်ပါတယ်

Jiyeonက ခပ်အေးအေးပင် ပြန်ဖြေသည်......

We Are Waiting [Complete]Where stories live. Discover now