အပိုင်း ၎

6.6K 712 9
                                    

" KyungSoo  သားရေ ခနလာထိုင်အုံးကွယ် "

ဒီနေ့ကျောင်းပိတ်ရက်မို့ တစ်ရက်လုံးလုံး သူ့ကို အချိန်ပေးပြီးသူသွားချင်တဲ့နေရာတွေလိုက်ပို့ပေးရမယ်လို့ ရာဇသံထုတ်ထားသော Kim Jongin အလိုတော်ကျ မနက်စောစောထပြီးရေမိုးချိုးပြင်ဆင်ကာ အိမ်အပေါ်ထပ်မှ ဆင်းလာသော KyungSoo ကို မွေးမိဘတွေကလှမ်းခေါ်နေလေရဲ့။မနက်စာ စားသောက်နေကြ၍ KyungSoo မိဘတွေအပြင် Jongin မိဘတွေပါ ရှိနေလေသည်။KyungSoo လဲ လွတ်နေသောထိုင်ခုံတွင် ဝင်ထိုင်ကာ ပြောလာမည့်စကားကိုနားစွင့်နေမိသည်။

" KyungSoo ကတကယ်လူချောလေးပဲ "

Jongin အမေ သတ်မှတ်ချက်ကို KyungSoo ရှက်ပြုံးနှင့်သာတုန့်ပြန်မိလေသည်။

" ချောတာပေါ့ကွ တို့သားပဲဟာ"

အရေးထဲ အမေက ဝင်ပြီး ဂုဏ်ဖော်နေလေရဲ့။လိုရင်းမပြောဘူး ခုဆို Jongin စောင့်ရတာကြာတယ်ဆိုပြီး စိတ်ဆိုးနေတော့မည်လေ။Yuri ဆီသွားပြီး Yuri အိမ်မှာပဲစောင့်နေမည် လာခဲ့  နောက်မကျနဲ့နော် မြန်မြန်လာဟုပင် အမိန့်ထုတ်လိုက်သေးသည့် Jongin တစ်ယောက် KyungSoo အားမျှော်နေတော့မည်။

" ဘာပြောမလို့လဲ အမေ "

လူကြီးတွေပြောနေသည့်ကြားကိုပင် အတင်းဝင်တိုးကာမေးရသည်။ချောသည်ကိုအကြောင်းပြု၍ မင်းကပိုချောတာပါကွာ မင်းအချောဆုံးပါနှင့် တစ်ယောက်တစ်ပြန် ပြောနေသော မိခင်နှစ်ဦးကိုကြည့်ပြီး KyungSoo ရယ်လဲရယ်ချင်သည်။ကိုယ့်ကိစ္စက ဘယ်ရောက်သွားသည်မသိ မနည်းပြန်ခေါ်နေရသည်လေ။

" သြော် !!  ဒီလိုသားရဲ့  "

Jongin အမေက KyungSoo အား ချိုသာသောအပြုံးဖြင့် နူးညံ့စွာကြည့်လျက်

" သား အမေကိုမေးကြည့်တာ သားမှာချစ်သူမရှိဘူးလို့ကြားတယ် ဟုတ်လား "

" ဟုတ်ကဲ့ "

" သားက သူ့စာနဲ့သူတောင်မအားဘူး အမြဲအလုပ်ရှုပ် စာတမ်းပြင်ဆင်ဖို့ဆိုပြီး ဆရာတွေကလဲ သူ့ကိုအားကိုးတယ် အမြဲသွားလေရာခေါ်တယ် သူ့မှာ အိမ်ကျောင်း  ကျောင်းအိမ်နဲ့ ဒါပဲလှည့်ပတ်နေတာ "

အမေ့ စကားနောက်မှာ Jongin အမေရဲ့ ကျေနပ်သောအပြုံးကိုမြင်ရလေသည်။ဒီအပြုံးက နည်းနည်းတော့ အဓိပ္ပါယ်တစ်ခုခုကိုဆောင်သည်တွေးမိပြီး KyungSoo စိတ်လှုပ်ရှားလာလေသည်။

FRIENDWhere stories live. Discover now