Chapter-10(Grammar)

2.6K 109 11
                                    

ဒီနေ့တော့ grammar လေးနည်းနည်းလောက်သင်ပေးချင်ပါတယ်နော်။


Noun+ 은 /Noun+ 는 , 이에요/예요

အသတ်ရှိရင် 은, 이에요.(eun,i ae yo)

Eg: - 마이클은 학생 이에요.
(Michael reun hak saeng ngi ae yo)
(Michaelကတော့ကျောင်းသားဖြစ်ပါတယ်)

အသတ်မရှိရင် 는, 예요.(Neun,yae yo)

Eg: - 엄마는 가수 예요.
(Omma neun ga su yae yo)
(အမေကတော့ အဆိုတော်ဖြစ်ပါတယ်)

Tips: - 은/는 = ကတော့

- 예요/이에=ဖြစ်ပါသည်

- 예요/이에요 ကို မေးခွန်းစကားလုံးအဖြစ်နဲ့လည်းသုံးပါတယ်။

Noun+ 예요?/ 이에요?

Eg: - 아버지는 의사 예요?
(Arborji neun owi sar yae yo?)
(အဖေက ဆရာဝန်လား?)

- 엄마는 회사원 이에요?
(Omma neun hwae sar won ni ae yo?)
(အမေက ကုမ္ပဏီဝန်ထမ်းလား?)

IMPORTANT TIPS:

- Hyojoo ဟိုးး အရင် အပိုင်းတွေမှာတုန်းကလည်းပြောထားဖူးပါတယ်။ ဗျည်း ' ㅇ' နဲ့ ' ㅎ'က အသံပျော့လို့ အသတ်ပါတဲ့စာလုံးတွေနဲ့တွေ့ရင် အဲ့ဒီ့ အသတ်ရဲ့ အသံထွက်တယ်လို့ပြောဖူးပါတယ်။အခုပထမဆုံး eg မှာ တွေ့နိုင်ပါတယ်။

Michael eun လို့ ရေးမယ့်အစား Michael reunလို့ရေးထားပါတယ်။အဲ့ဒါက Michaelမှာပေါင်းထားတဲ့ အသတ်'ㄹ'ရဲ့အသံက '은'မှာရှိတဲ့ 'ㅇ'နေရာကိုအစားထိုးသွားတာပါလို့။(ရှင်းရဲ့လားဟင်?)

-နောက်တစ်ချက်က ဗျည်း 'ㅇ' ကအသတ် ' ㅇ' နဲ့တွေ့ရင် င သံထွက်တယ်လို့ ပြောဖူးပါတယ်။အခု ဒီအခန်းမှာတွေ့လာရပြီနော်။ပထမဆုံး eg မှာပါပါတယ်။မျဉ်းသားပြထားတဲ့(ngi)ဆိုတာလေးကိုတွေ့ကြမယ်ထင်ပါတယ်နော်။အဲ့ဒါလေးက Hak saengက ' ㅇ' အသတ်နဲ့ i ae yo က 이ရဲ့ 'ㅇ' နဲ့တွေ့ပြီးတော့ ' င ' ဆိုတဲ့ ' ငီ ' အသံလေးထွက်လာတာပါလို့ (ရှင်းလားတော့မသိဘူး XD )

နားလည်တယ်ဆိုရင် အောက်က လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်စေချင်ပါတယ်။အဖြေတွေကို cmtမှာ ရေးသွားပေးပါနော်။
____________________

Hyojoo ကွက်လပ်လေးတွေပေးထားပါမယ်။အဲ့ထဲမှာ သင့်တော်တဲ့(eun/neun,i ae yo/yae yo)တွေကိုထည့်ပေးရပါမယ်နော်။

(1) 사토씨 일본 사람 .
(

sato shi___ il-bon sa-ram___.)
(ဆာထို ဂျပန်လူမျိူး .)

(2) 투이씨 회사원 .
(

Hto i shi___hwae-sar-won___.)
(ထိုအီ ဝန်ထမ်း .)

(3) 왕웨이씨 의사 .
(

Wang Wae I shi____ui sar___.)
(ဝါးင်ဝယ်အီ ဆရာဝန် .)

(4) 린다씨 선생님 .
(

Lin Dar shi seon saeng nim .)
(လင်ဒါ ဆရာမ .)

(5) 이완 학생 .
(

i won hak saeng .)
(အီဝေါန် ကျောင်းသား .)

(6) 마이클 미국사람 .
(

Michael mi guk saram .)
(မိုင်ကယ်လ် အမေရိကန်လူမျိုး .)

____________________
အားလုံးပဲဖြေနိုင်မယ်ထင်ပါတယ်နော်
မရှင်းတာရှိရင်လည်းလာမေးနိုင်ပါတယ်နော်။

(24.3.16)

{HJ}

Korean language Book 1Where stories live. Discover now