soo ဘဝမှာ appa ရယ် omma ရယ် အချစ်ဆုံးသူငယ်ချင်း bakkieရယ် soo ရဲ့ puppy လေး miki ရယ်ကလွဲပီး ဘယ်အရာမှ အပို ခင်တွယ်စရာ မရှိပါဘူး။soo ကိုယ်တိုင် ကလည်း နှောင်ဖွဲ့  မခံတာပါ။ soo အခုအရွယ်လည်းရောက်ပြီ ကိုယ့်ကိုယ်ကို လည်း ထိန်းကျောင်း တတ်နေပြီ ၂၂ဆိုတဲ့အသက်ကလည်း မငယ်တော့ပြီလေ။ အဲ့တာကြောင့် soo appa,omma တို့ရဲ့ ထိန်းကျောင်း မှုအောက်ကနေထွက်ပြီး soo ကိုယ်ပိုင်အလုပ်ကလေးတစ်ခု လုပ်ချင်တာကြောင့် appa ကိုခွင့်တောင်းတော့ appa တို့ကကြည်ကြည်ဖြူဖြူ ခွင့်ပြု ပေးခဲ့တော့ soo အခု ဂန်းနမ် ရပ်ကွက်ကနေရာလေးတစ်နေရာမှာ ပန်းဆိုင်လေးတစ်ခုနဲ့ ဖန်စီဆိုင်လေးတစ်ခု တွဲပီးဖွင့်ထားတယ်။
Soo ရဲ့ဆိုင်ဘေးမှာတော့ bakkie က fashion ဆိုင်လေးဖွင့်ထားတယ် bakkie နဲ့ soo နဲ့ကစိတ်တူကိုယ်တုဝါသနာတူတွေလေ မွေးတည်းကအတူပေါင်းသင်းလာတဲ့ငယ်ပေါင်းကြီးဖော်တွေမို့ တစ်ယောက်နဲ့တစ်ယောက်အတွင်းသိအစင်းသိတွေဆိုလည်း မမှားနိုင်ချေ။ ခုလည်း soo ဆိုင် bakkie ဆိုင်ဆိုပြီး ခွဲပြောနေပေမယ့် ၂ခုလုံးက ၂ဖက်မိဘတွေ ကဖက်စပ် ဖွင်ပေးထားတာမို့ soo တို့၂ယောက် ဟိုဖက်ဆိုင်ထိုင်လိုက် ဒီဘက်ဆိုင်ထိုင်လိုက် အတူတူလှည့်ထိုင်နေကြတာပါ၊ soo တို့ဆိုင်လေးတွေက အဆင်ပြေနေပြီး နာမည်လည်းရလာတာမို့ တစ်နေ့တစ်နေ့ soo တို့နားရတဲ့အချိန်ကိုမရှိပါဘူး၊ အလုပ်ထဲမှာပဲအချိန်တိုင်းနစ်မြှုပ်နေကြတာ၊ ပတ်ဝန်းကျင်ကိုလည်း ဂရုမဆိုင်နိုင်ခဲ့ဘူး ပိုဆိုးတာက ဒီတလော bakkie ကနေမကောင်းတော့ ၂ဆိုင်လုံးအတွက် soo အလုပ်တွေလက်မလည် ခဲ့ဘူး. . .
*********************************
ဒီနေ့ Soo ဆိုင်ကအပြန် bakkie ဆီဝင်သတင်းမေးဦးမယ်လို့ရည်ရွယ်ထားလို့ soo ဆိုင် စောစောပိတ်ပြီး bakkie အိမ်ကိုသွားလိုက်သည်။
Bakkie က မြောင်ဒုံးမှာ သူ့ မိသားစုတွေနဲ့အတူနေတယ်လေ ၊ soo ကလား. . .
Soo ကတစ်ယောက်ထည်းနေတာပါ appa ,omma တို့က America မှာ ကျန်ခဲ့တယ် တကယ်တော့ soo တစ်ယောက်ထည်းတော့မဟုတ်ပါဘူး soo puppy လေးက soo နဲ့အတူရှိတယ်လေ ၊ soo အတွက် puppy ကအမြဲအဖော်လုပ်ပေးတယ်၊ soo ဝမ်းနည်းနေရင်ပဲဖြစ်ဖြစ် အားငယ်နေရင်ပဲဖြစ်ဖြစ် bakkie အနားမှာမရှိရင် puppy လေးကပဲ bakkie ကိုယ်စား အားပေးခဲ့တာ. . .
Soo အတွေးတွေရှည်နေတာနဲ့ bakkie အိမ် ရှေ့တောင်ရောက်လာပြီပဲ
"Bakkie yar! Bakkie . . . Bake ya! Yar ...Byun Bakehyun ခေါ်နေတာမကြားဘူးလား" soo စိတ်မရှည်တော့ပြီမို့ အသံကုန်အော်လိုက်သည်၊
"Yar...! ဘာလို့အဲ့လောက်စွတ်အော်နေတာလဲ လာမှာပေါ့ တကတဲ နားကွဲတော့မယ်. . ." Bake တစ်ယောက် တတွတ်တွတ် နဲ့ပွစိပွစိပြောရင်း တံခါးလာဖွင့်ပေးသည်။
" ya! ဘာလို့ အဲ့လောက်ကြာနေရတာလဲ"
" yar!!! ငါကအပေါ်ကနေခုန်ဆင်းရမှာလားမြန်အောင်လို့"
" wae? အိမ်မှာဘယ်သူမှမရှိဘူးလား omoni တို့ကော"
"Yar! နင် မျက်လုံး မကောင်းဘူးလား ကြည့်နေရင်းတန်းလန်းနဲ့ ဘယ်သူမှမမြင်ရင်မရှိလို့ပေါ့"
"သေ ချာအောင်မေးတာပေါ့လို့ ...တကတဲ ရန်ပဲထောင်နေတယ် သူ့ကို တကူးတကလာတွေ့တဲ့ဟာကို..."
" ဟီးဟီး...နင်ဒီနေ့အစောကြီးပဲနော်ဆိုင်သိမ်းတာ"
"အင်း ...နင့်ဆီလာချင်လိုတမင်စောစောပိတ်လိုက်တာ"
"အမလေးဟယ်. ငါ့များတသက်လုံးမတွေ့ရတော့မယ့်သူကြနေတာပဲတကူးတက ဆိုင်ပါပိတ်ပြီးလာရတယ်လို့..."
"Yar!!! Byun Bakehyun နင်ငါ့ကို ခုထိအိမ်ပေါက်ဝမှာပဲရပ်ခိုင်းထားသေးတယ် အမောဆို့အောင်လည်းပြောနေသေးတယ်ရတယ်လေ နင်ကမလာစေချင်တော့လည်း ပြန်မယ် ..."
"Soo ကလည်း ငါကမလာစေချင်ဘူးလို့ပြောမိလိုလား ငါကနင်ပင်ပန်းမှာဆိုးလို့ပြောတာပါ ချစ်ကလည်းစိတ်မဆိုးပါနဲ့ နော်.နော်..နော်လို့..."
Bakkie တို့ aegyo တို့လုပ်ပြပြီး soo ကို ပြန်ဖားနေရသည်။
"လာ.soo အိမ်ထဲဝင် ငါ့သယ်ချင်းလေးပင်ပန်းနေမှာပေါ့. လာလာ ငါအအေးတိုက်မယ်"
"တော်ပါ...ခုမှလာ ဖားမနေနဲ့"
"ရော့...နင့်အတွက် ဝယ်လာတာ ပါးစပ်ပြတ်နေတယ်မလား"
"ဝါးးး pasta နဲ့ ဆူရှီ ...နာ့အကြိုက်တွေ အာ့ကြောင့် ချစ်ရတာ နာ့ချစ်လေးကို..."
* chu*
" Yar... ဘာလုပ်တာလဲ " bakkie က soo ပါးကိုနမ်းလိုက်တော့ မိsoo တို့မျက်လုံးပြူးမျက်စံပြူးနဲ့ အော်တော့တာပေါ့
"ချစ်လို့ . . .ချစ်လို့ နာ့ယောက်မလေးကို"
"Yar ယောက်မခေါ်ရအောင်ငါ့မှာအကိုလည်းမရှိဘူး ၊မောင်လည်းမရှိဘူး"
" နင့်မှာမရှိလည်းငါ့မှာရှိတာပဲ... "
Soo ပြန်ပြောမယ်ကြံတုန်း ပါးစပ်လေးဟကာပဲရှိသေးတယ်
"ဟာ...တော်တော့ ဗိုက်ဆာတယ် ငါစားဖို့သွားထည့်လိုက်ဦးမယ်ထိုင်စောင့်.."
"နင်ဘာမှမစားရသေးဘူးလား ...ငါမလာခင်အထိ"
" ဟဲဟဲ စားထားတယ် ဒါမယ့် နင်ဝယ်လာတာကငါ့အကြိုက်တွေလေ အာ့ကြောင့် ဗိုက်ပြန်ဆာသွားတာ ဟီးးး"
"ဖြစ်ရမယ် အစားပုတ်ရယ်"
Bake မီးဖိုချောင် ထဲဝင်သွားတော့ soo လည်း ဧည့်ခန်း ထဲထိုင်ပြီးလှည့်ပတ်ကြည့်နေမိတယ် တစ်နေရာ အရောက် soo မျက်လုံးတို့ငြိမ်သွားပြီး စူးဆိုက်ကြည့်နေမိတယ်
soo ကြည့်နေတာ ဓာတ်ပုံ လေးတစ်ပုံပါ ရှိုးကစ်ပေါ်မှာ ဘောင်လေးကွတ် ပြီးတင်ထားတဲ့ဓာတ်ပုံလေး ကရိုးရှင်းနေပေမယ့် soo ရဲ့မျက်လုံးတို့ ကို မခွာချင်အောင်ဆွဲဆောင်နေတာက ဓာတ်ပုံ ထဲကလူပါ soo bakkie တို့ အိမ်ကိုခနခန ရောက်ဖူးပေမယ့် အဲ့ဓာတ်ပုံရှိနေတာကိုတော့ soo သတိမထားမိဖူးဘူး ၊ ဓာတ်ပုံထဲ လူရဲ့အပြုံးက သူ့ရဲ့ မျက်နှာချောချောနဲ့ တော်တော်လေးကိုလိုက်ဖက်လွန်းလှသည်။ ပါးတစ်ဖက်ကပါးချိုင့်လေးကလည်း တော်ချစ်ဖို့ကောင်းလှသည်။ soo အဲ့ဓာတ်ပုံလေးကိုကြည့်ရင်း ဘယ်ကဘယ်လို soo ကိုယ်တိုင် တောင်သတ်မထားမိလိုက်အချိန်လေးမှာ ဓာတ်ပုံလေးက soo လက်ထဲကိုရောက်နေပြီလေ၊
"ဘယ်လိုလဲ ချောတယ်မလား ..."
အနားရောက်လာပြီး soo ကိုင်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ရင်း bakkie က အစမရှိအဆုံးမရှိ ပြောလာတော့
soo bakkie ကို နားမလည်တဲ့အကြည့်လေးနဲ့ပြန်ကြည့်ပြီး
"ဘာကိုလဲ...ဟ"
"ငါ့ oppa ကိုပြောတာလေ...ဘယ်လိုလဲ ချောတယ်လို့မထင်ဘူးလား..."
bakkie ကစားဖို့ ထည့်လာတွေကို ခုံပေါ်ချရင်းပြောလာသည်၊
" အင်း...မဆိုးပါဘူး" soo လည်းသာမာန်အရပဲပန်ဖြေလိုက်တယ် ပြီးမှ soo သတိရပြီး
"bakkie နင့်မှာ အစိကိုရှိတာလား..."
"ဟယ်...ယောက်မနင်ငါ့ oppa ကိုမမှတ်မိဘူးလား"
"ဟာ...ဘာယောက်မလဲဟ" soo ရှက်ကိုးရှက်ကန်းနဲ့ ပြောတော့ bakkie ကဟတ်ဟတ်ပတ်ပတ် ရယ် ကာ
" မိ soo ရယ် ...နင်ဟာလေ တကယ်ပဲမမှတ်မိတာလား...နင်ပဲပြောတာလေ ငါတို့အတူတူ ဆော့တိုင်း ငါ့ oppa ကို ကြီးလာရင်လက်ထက်မှာဆို..."
အဲ့ခါကျမှ soo လည်းပြန်စဉ်းစားကြည့်ပေမယ့် သေချာတော့မမှတ်မိ
Soo စဉ်းစားနေတုန်း
"Oppa Park Chanyeol လေ နင်မမှတ်မိဘူးလား နင့် hyung လေဟာ...ငါ oppa လို့ခေါ်တိုင်းနင်ကငါမတုအောင်ဆိုပြီး... hyung လို့ခေါ်တာလေ..."
" Chanyeol hyung... martha hyung ကိုမတွေ့ရတာ တော်တော် ကြာပြီလေဟာ ...ခု hyung ကော"
" အေးလေ...နင် က America ကိုပြောင်းသွားတာဆိုတော့ဘယ်မှတ်မိပါ့မလဲ ငါတောင် နင့်ဆီလိုက်လာမိလို့တော်သွားတာ နို့မို့ ငါ့တောင်မှတ်မိမှာမဟုတ်ဘူး."
" ဟဲဟဲ နင်ကလည်း..."
"Oppa က ကနေဒါမှာဟ ငါတို့ ကဟိုမှာကျောင်းတက်နေတုန်း oppa ကိုappa ကပညာတော်သင်လွှတ်လိုက်တာတဲ့...ငါတောင် ဒီပြန်ရောက်မှသိရတာ...ငါနဲ့တော့အဆက်အသွယ်ရှိတာပေါ့ဟယ်...နင်ကသာမမှတ်မိတာပါ oppa ကငါနဲ့စကားပြောတိုင်းနင့်အကြောင်းမေးပါ့ ..."
"ငါ့...ငါ့အကြောင်းမေးတယ် ဟုတ်လား"
Soo ကြောင်တောင်တောင် လေးနဲ့ပြန်မေးတော့
"ဟုတ်တယ်လေ oppa ကလေ soo လေးကော ဘယ်လိုနေလဲ တော်တော်ထွားလာပြီလား အရင်လိုပဲ ပုလုံးလေးနဲ့ ပြူးပြူးလေးပဲလား. . ."
"အဲတော့ နင်ကဘယ်လိုပြောလိုက်လဲ..."
"ငါလား. . ."
soo bake အဖြေကိုစိတ်ဝင်တစား နဲနားထောင်နေသည်။
"မဟုတ်တော့ဘူးလို့ ... ပိုပြူးလာတယ်လို့ဖြေလိုက်တယ်"
"Yar! Bakkie စုတ်"
"အာ...ဖြေးဖြေး အော်ပါဟ ငါ့နားဘာဖြစ်သွားပြီလဲမသိဘူး"
"တော်ပြီ ငါပြန်တော့မယ်"
"ဟယ်...စိတ်ဆိုးသွားတာလား ချက်ချင်း ကြီး"
"ပြန်ပြီ " soo ပြောလည်းပြော စားနေရာကထထွက်တော့
"Soo ... oppa နောက်အပတ်ပြန်လာမယ်တဲ့"
လှမ်းအော်ပြောတဲ့ bakkie ကို soo လှည့်ုပီးမျက်စောင်းတစ်ချက်ထိုးကာ
"အာ့ ငါဘာလုပ်ရမှာလဲ..."
"သြော် နင်များ သိချင်မလားလို့ပါ"
Soo bakkie အိမ်ကပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ငယ်ငယ်တူန်းက အကြောင်းလေးတွေပြန်စဉ်းစားပြီး ပြုံးနေမိသည်။
#########################
နော့်ရဲ့ ဒုတိယ fic လေးပါအားပေးကြပါဦးနော် အရေးအသားမကောင်းရင် ရိုးလွှတ်ပေးကြပါလို့
Gomarwol
YOU ARE READING
What Is Love?
RandomWhat is love? I can't define.l don't know how I love you.Should I love you or l hate you? What should I do? အချစ်ဆိုတဲ့ စကားလုံးလေးက ပြောရလွယ်ရေးရလွယ်ပေမယ့် အဓိပ္ပါယ် ဖွင့်ဖို့တော့အခက်သား လောကမှာ လူသားချင်းသာချစ်ကြသည်လား? လူသားမှာသာအ...