The Prince In My Memory(Ch.1)

1K 47 1
                                    

Min Yoongi သူ့နာမည်က min yoongi အသက်က၁၈နှစ်...ဟုတ်တယ်သူကဝန်ကြီးသား လူအများစုကတော့သူ့ကို Suga လို့ခေါ်ကြသည်...သူ့အဖေကKoreaမှာအရေးပါအရာရောက်တဲ့သူတစ်ယောက်...သူ့ကိုဝန်ကြီးသားဆိုပြီးအရေးသိပ်ပေးကြသည်...ဒါကိုသူမကြိုက် ဒီလိုမျိုးသူမနေချင်...ဒါကြောင့်လည်းအဖေမသိအောင်ခဏခဏခိုးထွက်ဖြစ်သည်...ဝန်ကြီးသားမှန်းလူမသိအောင်ရုပ်ဖျက်ပြီးလျှောက်သွားတတ်သည်...ဒါကိုအဖေလည်းသိသည် သိသော်လည်းမိတဆိုးသားလေးမို့ အလိုလိုက်ကာသိပ်အပြစ်မပြောဖြစ်...ဒါကြောင့်လည်းသူဆိုးချင်တိုင်းဆိုးနေမိသည်...တစ်ခါတစ်လေတော့လည်းအဖေကသူ့ကိုအစောင့်နှစ်ယောက်နှင့်လိုက်ခိုင်းတတ်သည်...ဒါကိုသူမကြိုက်ပါ...

" ဟင်း "...yoongiတစ်ယောက်အသက်ခပ်ပြင်းပြင်းရှူရင်းအိမ်တစ်အိမ်၏တံတိုင်းအကွယ်သို့ပြေးကပ်လိုက်သည်...ဟုတ်သည် သူ့နောက်ကိုအစောင့်တစ်ယောက်လိုက်လာသည် ဒါကြောင့်သူပုန်းနေခြင်းဖြစ်သည်...သူတစ်ချက်ချောင်းကြည့်လိုက်သည် အစောင့်တစ်ယောက်သူ့ကိုမမြင်ဘဲ ကော့တော့ကော့တော့နှင့်ဖြတ်ပြေးသွားသည်..." အင်း။တစ်ယောက်တော့လွတ်ပြီ။နောက်တစ်ယောက်ကဘယ်မှာပါလိမ့် " သူရေရွတ်ရင်းဟိုကြည့်သည်ကြည့်တစ်ချက်လုပ်လိုက်သည်...ဒီနေရာမှာတော့မရှိနေ...ဒီတော့ သူရှာပြီးပြေးရဦးမည်..." ဟူး...မလွယ်ပါလား။ ဒီနေ့မှဘာလို့အဲ့လောက်တောင်လိုက်နေလဲမသိဘူး " သူစိတ်ညစ်ညစ်နဲ့ပြောရင်း ထိုင်နေကျပန်းခြံဖက်ဆီသို့လျှောက်လာခဲ့သည်...သူတစ်ယောက်တည်းအေးအေးဆေးဆေးနေချင်သည်လေ...သို့သော်ကံကမကောင်းချင်...ဟော!တွေ့လေပြီ အဖေလွှတ်လိုက်သောကိုယ်တော်တစ်ပါး ပန်းခြံရှေ့တည့်တည့်မှာ ကန့်လန့်ကန့်လန့်နဲ့..." Shit! " သူတစ်ချက်ဆဲရေးရင်းဦးထုပ်ကိုခပ်ငိုက်ငိုက်ပြင်ဆောင်းကာလှည့်ထွက်လိုက်သည်..." ဟာ... " လှည့်ထွက်တော့မှ စောစောကသူ့ကိုမမိလိုက်တဲ့အစောင့်နဲ့တိုးတော့သည်...နောက်မှာလည်းဟိုကိုယ်တော်က သူ့ဆီလျှောက်လာနေသည်...မထူးတော့ ဒီတိုင်းနေလိုက်ရုံသာ...အရှေ့ကကိုယ်တော်က သူ့ရှေ့မှာရိုကျိုးစွာကိုယ်ကိုတစ်ချက်ကိုင်းလိုက်ပြီး " ဆရာလေးကို ဆရာလေးအဖေကပြန်ခေါ်ခိုင်းလိုက်လို့ပါ " ဟုပြောသည်..." အင်း။ " သူပြောရင်း ဟိုနှစ်ယောက်နှင့်ပြန်လိုက်သွားသည်...

The prince in my memory Where stories live. Discover now