ပုံပြောသူ............

4.6K 605 30
                                    

ဒီကလေးတွေနဲ့ ရင်းနှီးခဲ့တာ ဒီလောက် အချိန်တွေကြာခဲ့ပြီးမှ အခုတော့ ခွဲရဦးမည်....။

Daddy ကို ပေးထားသည့် ကတိအတိုင်း... ကျွန်တော် ကုမ္ပဏီမှာ အလုပ်ဝင်ရတော့မှာ....။ ကျွန်တော် ကလေးတွေကို နှုတ်ဆက်ပြီး ထွက်လာတော့ Sophia အသံလေးကို ကြားလိုက်ရသည်...။

" ဦးဦး Sehun "

ကျွန်တော် သူမနားမှာ ဒူးထောက်ထိုင်တော့ သူမက ကျွန်တော့် ကို တိုးတိုးလေး မေးသည်...။

" ပုံပြင်ကရော.. "

သူမ ပုံပြင်မနားထောင်ရတော့မှာ စိုးသဖြင့် မျက်နှာလေး ပျက်ယွင်းနေသည်..။

" သမီးတို့ အိမ်နားမှာပဲ ဦးဦးက နေတဲ့ဟာကို..
မနက်တိုင်း လမ်းလျှောက်ထွက်ရင် တွေ့ရမှာပေါ့ သမီးရဲ့ "
အခုမှ စိတ်ချမ်းသာသွားပုံရသည့် ကလေးမလေးဟာ ခိုးခိုးခစ်ခစ် ရယ်မောရင်း ..ခေါင်းညိတ်ပြလေသည်...။
ထို့နောက် ပြေးထွက်သွားတော့သည်....။

( Sophia သာ ကျွန်တော့် သမီးလေးဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ... )
•••••••••••••••••
ပထမဆုံး အလုပ်စဝင်သည့်နေ့မှာပင် ကျွန်တော်ဟာ ၃နာရီကြာသော အစည်းအဝေးခန်းမနှင့် မသက်မသာစတင်ခဲ့ရသည်....။ တစ်ယောက်ပြီး တစ်ယောက် တင်ပြနေသည့် Power point များကို စိတ်ဝင်စားစား မဝင်စားစား.. နားထောင်ရလေသည်....။

ဂရုမစိုက်လဲ မလုပ်ရဲ...။ ဘေးမှာ ကျွန်တော့်ဦးလေး ဥက္ကဌ နှင့် ရှယ်ယာရှင် လူကြီးများက ကျွန်တော့်ကို မျက်စိဒေါက်ထောက် လေ့လာနေကြသည်မလား....။

ညဘက်ရောက်တော့လဲ ပျင်းရိငြီးငွေ့စရာကောင်းသည့် ညစာစားပွဲကို ကျွန်တော် စိတ်ပျက်စွာ ရောက်နေရပြန်သည်...။ မပြုံးချင်ပဲပြုံးနေရပြန်သည်....။
ရုတ်တရက် ကျွန်တော်များ မျက်စိမှားသလားလို့... ။

.. Sophia ။ သူမက ဒီ ညစာစားပွဲကို ဘယ်လိုလုပ်ရောက်နေရပါသလဲ...။

ကျွန်တော် သူမထိုင်နေသော.. စားပွဲကို ချက်ချင်းရောက်သွားတော့ သူမက အံ့ဩနေသော မျက်လုံးဝိုင်းဝိုင်းကလေးများဖြင့် မော့ကြည့်လေသည် ..။

" ဦးဦး ... "

" သမီး.. ဘယ်သူနဲ့ ဒီကို ရောက်နေတာလဲ ... "

ပုံပြောသူ...........Where stories live. Discover now