Part 11 - Ignore

5.9K 612 8
                                    

တစ်စတစ်စ သတိထားမိလာတဲ့ အရာအားလုံးကို ကျွန်တော် သိသွားပြီးတဲ့နောက် အဲဒီနောက်ကွယ်မှာဘာတွေရှိနေဦးမလဲ ? ကျွန်တော် သိချင်လာတယ် ..

ဒါပေမယ့် ကျွန်တော် ဟန်ဆောင်နေခဲ့တယ် ..
မသိမလိုနေခဲ့တယ် ..

Arjushi .. Kris !!

သူဟာ ကျွန်တော့်ကို ထောက်ပံ့ပေးနေတဲ့ Arjushi မဟုတ်ဘူး ..

ဟိုးအရင်က မဆက်စပ်မိတဲ့ အစိတ်အပိုင်းတွေကို သေချာဆက်စပ်ကြည့်တော့ တစ်ဖြည်းဖြည်း ပုံပေါ်လာတယ် ..

စာထဲမှာ ကလေးလို့ အမြဲရေးတတ်တဲ့ သူက ကလေးလို့ တစ်ခါမှ မခေါ်ခဲ့တာ .. အစကတော့ အပြင်မှာ ခေါ်ရမှာကို ရှက်နေလို့ပဲလား ? အဲလိုတွေးခဲ့မိတယ် .. ဒါပေမယ့် သေချာအောင်လို့ kris Arjushi ကိုမသိသာအောင် မေးကြည့်တော့ ..

"Arjushi !! "

"အင်း ပြောလေ baek လေး "

"ကျွန်တော့်ကို တစ်ခြားခေါ်ချင်တဲ့ နာမ်စား မရှိဘူးလား ?? "

"အင် !! Baek လေးလို့ ခေါ်တာမကြိုက်လို့လား ?? "

"မဟုတ်ပါဘူး ! သူများတွေ ခေါ်သလိုပေါ့ ကလေး တို့ဘာတို့ ဟီးးးးး "

"ဟားးးးး ဟားးးးး ခင်ဗျားလေး ကို ကျုပ်က လူကြီးလို့ပဲ ခေါ်ချင်တာဗျာ "

"ဟီးးးး ဟီးးးး "

Kris Arjushi ပြောလိုက်တဲ့ အမူအရာ .. မျက်နှာထား အကုန်လုံးက ကျွန်တော့်ကို ကလေးလို့ မခေါ်တာဟာ ရှက်လို့ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်သွားခဲ့တယ် ..။

ပြီးတော့ ပိုပြီးသေချာသွားတဲ့ တစ်ချက် ~

"Arjushi ! ကျွန်တော့်ကို ဒီစာအုပ်ထဲက ကဗျာလေး ကူးပေးပါလား ? "

ပြောရင်း ကဗျာစာအုပ်လေးကို Arjushi လက်ထဲ ထည့်ပေးလိုက်တော့ ကျွန်တော့်ကို ပြုံးကြည့်ရင်း ..

"ကူးမယ့် စာရွက်ပေး "

"ဟီး ဒီမှာ !! "

အပြာရောင်နုရောင် စာရွက်လေးထက် သေသပ်စွာ ရေးသားထားတဲ့ လက်ရေး ~

အသွားအပြန်ဆိုတာ
အလျား အနံ ရှိတာကို ပြောတာ
အဆုံးမဲ့အချစ်ဆိုတာ
တစ်ကယ်တော့ ပေးဆပ်မှုသက်သက်။
အပြုံးတစ်ပွင့်နဲ့ ရောင့်ရဲနိုင်သလို
စကားတစ်ခွန်းနဲ့လည်း ကျေနပ်နိုင်တယ်။
ခရီးရောက်ဖို့ ကျောပိုးပေးနိုင်သလို
အမြင့်ရောက်ဖို့ ဒူးထောက်ပေးနိုင်တယ်။
ပေးဆပ်မှုတိုင်းအတွက်တော့
ဆုလာဘ်ဆိုတာ ရှိမယ်ထင်ပါတယ်။

Ruthless Laboratory//Completed//Where stories live. Discover now