"ဒါကဘာလဲ.."
အလုပ်စားပွဲပေါ်သို့ပစ်ချပေးလိုက်သော စာအိတ်ရှည်ရှည်လေးကြောင့် သူအလိုမကျစွာ မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည်....
"အလုပ်ထွက်စာ..."
"ဘာ!! "
စိတ်တိုပြမနေနဲ့..Wu Yifan...ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုနည်းနဲ့မှ တူတူအလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး....ဆုံစည်းသင့်တဲ့ရေစက်မျိုးမဟုတ်ဘူး....
"ဒီအလုပ်က မင်းဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ လမ်းဘေးကအလုပ်မျိုးမဟုတ်ဘူး....ငါလုံးဝခွင့်မပြုနိုင်ဘူး..."
သူပြောပီး ကျွန်တော့်ရဲ့အလုပ်ထွက်စာကို ဆုတ်ဖြဲကာ လွှင့်ပစ်လိုက်သည်...
"Yeol..မင်းအပြုအမူတွေကိုကိုယ်နားမလည်နိုင်တော့ဘူး.....ဘာတွေဖြစ်နေတာလဲYeolရယ်...ဘာလို့အဲ့လောက်ထိပြောင်းလဲသွားရတာလဲ..."
ဟုတ်တယ်..ကျွန်တော်ပြောင်းလဲသွားတယ်....ဖြူစင်ပီး အရာရာကိုခေါင်းငုံ့သည်းခံပေးတတ်တဲ့ ခင်ဗျားချစ်သူ Park Chanyeol က ခင်ဗျားရက်ရက်စက်စက်ထားရစ်ခဲ့တဲ့အချိန်ကတည်း သေသွားပီ....အခု ခင်ဗျားကိုမုန်းတီးနေတဲ့ Sehunလေးရဲ့အဖေ Park Chanyeolပဲရှိတော့တယ်...
"Yeol "
"ကျေးဇူးပြုပီး ကျွန်တော့်ကို Yeolလို့မခေါ်ပါနဲ့....ကျွန်တော်မကြိုက်ဘူး...."
"ကောင်းပီလေ....ကိုယ်ထွက်သွားခဲ့တဲ့အချိန်အတွင်းမှာ Yeolဘာတွေဖြစ်ခဲ့လဲ ကိုယ်မသိဘူး...ဒါပေမယ့် အခုအချိန်မှာ မင်းဆီကို ကိုယ်ပြန်လာခဲ့တယ်လေ...မင်းသာခွင့်ပြုမယ်ဆိုရင် ကိုယ်တို့အရင်အခြေအနေကိုပြန်သွားရအောင်...ကိုယ်တောင်းဆိုပါတယ်..Yeol.."
ဟာသတွေသိပ်ပြောတတ်တာပဲ Wu Yifan...အခုကျွန်တော့်ကိုပြန်တွဲဖို့တောင်းဆိုနေတယ်ပေါ့...ခင်ဗျားဗျာ....
ဆုတောင်းလေ Wu Yifan...
ကျွန်တော်ခင်ဗျားကိုပြန်လက်ခံမယ့်နေ့ကို သေမယ့်နေ့အထိ ဘုရားမှာထိုင်ဆုတောင်းနေလိုက်...
![](https://img.wattpad.com/cover/69457126-288-k33293.jpg)