My Fate & My Love

1.2K 60 0
                                    

My Fate & My Love

ep - 7

အရှင်မင်းမြတ် Kim Tae Yeon တစ်ယောက် ဒဏ်ရာလည်းတော်တော်လေးသက်သာလာပြီး ကောင်းလာပြီဆိုတော့ သူလုပ်ရမယ့် ကိစ္စအများကြီးထဲကမှ အရေးကြီးဆုံးဖြစ်တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကိစ္စကို စရပါတော့တယ်။

sica ya သူ့ကို လက်ထပ်တာတော့ ဟုတ်ပါရဲ့ လက်ထပ်ပြီးရင် ဘယ်လိုလုပ်ရမှာလဲ။

သူ့နန်းဆောင် ကို မသွားပြန်ရင်လည်း သူက သူ့ကို ဂရုမစိုက်ဘူး ထင်ပြန်အုံးမယ်။ သွားပြန်ရင်လည်း
ဟာ မဖြစ်သေးပါဘူး။

ဘယ်လိုလုပ်ရမလဲ။

အာဟုတ်ပြီ လက်ထပ်ပြီးရင် sica ဘဲ သွားအိပ်ကူလိုက်။

လို့ ပြောလာတဲ့ Tae တစ်ယောက်ကြောင့် sica တော်တော်လေးရယ်ချင်မိသွားတယ်။ တခါတလေ အဲ့ လိုဘဲ ကလေးလေးကျနေတာဘဲ။ ဒါနဲ့ sica လည်း

Tae ကလည်း ကလေးကျနေတာဘဲ sica က ဘယ်လိုသွားအိပ်လို့ရမှာလဲ။ ဘုရင်မင်းမြတ်ဘဲ သွားအိပ်ရမှာလေ။

ဒီတိုင်းလေးဘဲ သွားအိပ်ရုံဘဲကို ဘာလို့ အဲ့လောက်တောင်လန့်နေတာလဲ။ အင်းဒါမှ မဟုတ် သူက အရမ်း ဆတ်ဆတ်ထိမခံ ဆိုတော့ ဟို... ရှိတဲ့ ပစ္စည်းတွေနဲ့ ကောက်ပေါက်ခံရမှာစိုးတာလား။

ဒါမှမဟုတ် သူကအရမ်းလှတော့ Tae စိတ်မထိန်းနိုင်ဘဲ ပစ်ကြွေသွားမှာစိုးတာလား ကဲပြော ဘယ်တစ်ခုလဲ

ဆိုပြီးပြုံးပြုံးနဲ့ မေးလိုက်တော့ Tae တစ်ယောက်

အင်းsica ပြောသလိုဘဲ သူကဆတ်ဆတ်ထိမခံ။ သူနဲ့တော့လွယ်ဘူးထင်တယ်နော်။ Tae သူ့ကိုကြောက်တယ်။ သူ့ကြည့်ရတာ တစ်ခုခု အဆင်မပြေရင် ရှိနေတဲ့ သူကိုတောင် ထသတ်မလားဘဲ။

တော်ကြာ ညလယ် Tae အရမ်း အိပ်ပျော်နေတဲ့ အခါကျမှ Tae ကို လည်ပင်းထညှစ်နေရင် ဘယ်လိုလုပ်မလဲ။ ဟို မနေ့က ပန်းကိစ္စ လေ။

ပြီးရင် Tae က sica နဲ့လည်း ဘယ်တော့မှ ခွဲ အိပ်ဖူးတာမှ မဟုတ်တာ။

လို့သနားစရာရုပ်လေးနဲ့ပြောနေတဲ့ Tae လေးကိုကြည့်ပြီး sica လေးသနားမိပြန်တယ်။ Tae ခမျာလည်း ဒုက္ခ တစ်ခု။

My Fate & My LoveWhere stories live. Discover now