Episode.8

3.2K 350 13
                                    

*Satan's Message*

လမ်းမီးတိုင်ကနေ အလင်းရောင်က ဝင်နေတာကြောင့် အနီရောင်မျက်လုံးဖြစ်နေတဲ့ kaiမျက်နှာကို dyoမြင်လိုက်ရတယ်

'စီ . . . စီနီယာ . . စီနီယာ kaiလားး'

'စီနီယာ လို့ မခေါ်နဲ့!!!!'

'ဗျာ !!! '

kai ပထမစိတ်ကူးထားတာက messageပို့တာက သူမှန်း သိအောင် ဟြေပြပြီး အခုလို ကြောက်အောင် ခြောက်ဖို့ပါ ဒါပေမဲ့ ပြတင်းပေါက်ကနေ ဝင်နေတဲ့ အလင်းရောင် မှိန်ပျပျလေးအောက်မှာတောင် ရွှန်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြောက်လို့ တုန်နေတဲ့ ပန်းနုရောင် နှုတ်ခမ်းလေးကြောင့် စိတ်မထိန်းနိုင်တော့ဘဲ . . .

dyoမျက်နှာနားကို ငုံ့ချလိုက်ပြီးး အသည်းပုံနှုတ်ခမ်းတစ်စုံကို စုပ်ယူနမ်းရှိုက်တော့တယ် ရုန်းနေတဲ့ dyoကိုယ်လုံးလေးကလည်း သန်မာလှတဲ့ kaiလက်မောင်းတွေ ကြားမှာ နစ်မြုပ်နေသည်

အပေါ်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတစ်လှည့် kaiမလွှတ်တမ်း စုပ်ယူနေတာကြောင့် dyoရဲ့အသက်ရှုနှုန်း မြန်ဆန်လာတော့တယ် နောက်တော့ dyoရဲ့အာခံတွင်းထဲကို kaiရဲ့ လျှာဝင်ရောက်လာပြီး လျှာချင်းရစ်ပတ်ကာ dyoရဲ့လျှာကို သူ့အာခံတွင်းထဲထိ ရောက်အောင် စုပ်ယူလိုက်တော့သည်

kaiရဲ့ပြင်းရှတဲ့ အနမ်းတွေကြောင့် dyo kaiရဲ့ ရင်ဘတ်ကို အတင်း ဆုပ်ကိုင်ထားတာကြောင့် kaiအကျီဟာလည်း တွန့်ကြေနေလေပြီ

dyo တဖြည်းဖြည်း အနမ်းတွေအောက် ပျော်ဝင်လာခဲ့တယ် နှစ်ပေါင်းများစွာ လွမ်းဆွတ် တမ်းတခဲ့တဲ့ အနမ်းတွေအဖြစ် နှလုံးသားက လက်ခံနေသည်

တစ်ခုခု . . . ??
ကျွန်တော်နဲ့သူ ကြားမှ တကယ်ပဲ တစ်ခုခု ရှိခဲ့တာလားးး
အဖြေရှာနေပေမဲ့ ဘာမှမထွက်လာဘူးး အားလုံးက အမှောင်ဖုံးထားသလိုပဲ . . . . .

မုန်းတယ် . . ဒီလို ခံစားချက်ကြီးကို မုန်းတယ်

dyo ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကြောင့် ချိုမြိန်နေတဲ့ အနမ်းတွေ ထဲမှာ ငံကျိကျိ အရသာလေးတွေ ပါဝင်လာခဲ့တယ်

Satan' MessageWhere stories live. Discover now