Intro

3.2K 191 4
                                    

ငါသိလိုက်ပြီ....မင်းရင်ဘက်ထဲမှာရှိနေတဲ့သူက
ငါမဟုတ်ဘူးဆိုတာ.....

အရင်တည်းကလည်း ခံစားမိတယ်...
မင်းငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုတာ.....

ငါယုံကြည်မိခဲ့တယ်....
တစ်နေ့ ငါမင်းကိုချစ်သလို မင်းပြန်ချစ်မယ်ဆိုတာ....
ငါ့ကိုပြန်မချစ်ခဲ့ရင်တောင်....မင်းငါ့အပေါ်
ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ....

ဒါပေမယ့်နောက်ဆုံးတော့.....မင်းငါ့
ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငါ့ကို
သစ္စာဖောက်ခဲ့တယ်.....
မင်းရဲ့ ဓားသွားထက် တောင် ထက်တဲ့
စကားလုံးတွေနဲ့ ငါ့နှလုံးသားကို
တစ်စစီဖြစ်အောင် နင်းချေပစ်ခဲ့တယ်.....

မင်းဝမ်းနည်းနေတဲ့အချိန်...
အထီးကျန်နေတဲ့အချိန်.....
အားငယ်နေတဲ့အချိန် တွေမှာ အမြဲ
မင်းအနားမှာ ရှိနေခဲ့တဲ့ ငါ....

မင်းလုပ်ရပ်တွေ မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ မင်းအနားမှာ အမြဲ
မားမား မတ်မတ် ရပ်တည်ပေးခဲ့တဲ့ ငါ့ကို
တစ်ချက်တောင်လှည့်မကြည့်ဘဲ
တန်ဖိုးမရှိတဲ့ အမှိုက် သရိုက်လို စွန့်ပစ်ခဲ့တယ်

ငါ့ကို တန်ဖိုးမထားတဲ့ မင်းကို ငါမုန်းတယ်
မင်းကို အရင်တုန်းက အရမ်းချစ်ခဲ့သလို
မင်းကို အခု ငါအရမ်းမုန်းတယ် Kim Tae Hyung...

~~~~~~

အရင်တုန်းက
ငါမင်းကို မချစ်ခဲ့ဘူးလို့ထင်တာ...

သူ့အပေါ်မှာရှိနေတဲ့ ခံစားချက်တွေကို
အချစ်လို့ထင်ခဲ့တာ.....

ငါအရမ်းမှားသွားပြီ....
ငါ့ကို ပျော်အောင် ပြုံးအောင်
လုပ်ပေးနိုင်တာ သူမဟုတ်ဘူး...
မင်းပဲ...

မင်းကို အရမ်းချစ်တယ်....
ငါ့ဘဝမှာ မင်းမရှိရင် ငါအပြုံးတွေ
ပျောက်ကွယ်သွားလိမ့်မယ်...
ငါ့အမှားကိုပြန်ပြင်လို့ရအောင်
ငါ့ကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးပါ...

မင်းနှလုံးသားမှာ ငါစိုက်ခဲ့တဲ့ ဆူးကို
ငါကိုယ်တိုင်ပြန်နှုတ်ပေးပါရစေ Jimin ah...

~*~*~*~*~*~*~*~*~

မင်းက Caffeine လိုပဲ
မင်းကို ဒီထက်ပိုပြီး မချစ်မိဖို့ ကြိုးစားလေလေ
ပိုချစ်မိလာလေလေ....
မင်းကို မေ့ပစ်ဖို့ ကြိုးစားလေလေ
မင်းကို ပိုလွမ်းမိလာလေလေ....

Coming Soon ^-^

#Ki_ခေါ်_ဒယ်အိုး

Love like CaffeineWhere stories live. Discover now