Zawgyi version
အချစ်တဲ့......
ဒီကမ္ဘာပေါ်မှာ အချစ် အမျိုးအစား များစွာရှိတယ်!
မောင်ချစ်နှမချစ်.....သူငယ်ချင်းချစ်......မိဘနဲ့ သားသမီးအချစ်.....နောက်.....ချစ်သူတွေချစ်တဲ့အချစ်......
ရယူလိုတဲ့ အချစ် ... ပေးဆပ်လိုတဲ့ အချစ်.....
မဖြစ်နိုင်တဲ့အချစ်......
"Kise kun နောက် ပိုစ့်လေးတစ်မျိုးပြောင်းပါအုံး ! မိန်းကလေးတွေကို ဖမ်းစားနိုင်မယ့် အကြည့်မျိုးလေးပေါ့"
ကင်မရာမန်း အမရဲ့ လှမ်းသတိပေးမှုကြောင့် ကျွန်တော် အတွေးထဲက ရုန်းထွက်လိုက်တယ်! ကိုယ်ကို တဖက်ယိမ်းရင်း သူတို့ပြောကြတဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးဆိုတာကို ပြုံးလိုက်တယ်!
"OOOOKKKKK~ လုပ်ပါအုံးနောက်တမျိုး!!!!"
မီးရောင် တဖြတ်ဖြတ်အောက်မှာ ကျွန်တော် အပြုံးမျိုးစုံနဲ့ နပန်းလုံးရင်း အချိန်တစ်ခုကုန်ဆုံးသွားသည်!
" ပင်ပန်းသွားပြီ Kise kun! နောက်တပတ်နော် နောက်တပတ် တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ fashion မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ဖို့ရှိသေးတယ်!"
"ဟုတ်ကဲ့ပါဗျာ~ ကျွန်တော်ပြန်လိုက်အုံးမယ် နောက်မှတွေ့တာပေါ့ အားလုံးပဲ!"ကျွန်တော် စတူဒီယိုက လှည့်ထွက်လာတဲ့ အထိ ကပ်ပါလာတဲ့  စကားတွေထဲက.....
"Kise kun က အမြဲစတိုင်ကျနေတာပဲနော်"
"ဟုတ်ပါ့ သူ့အပြုံးတွေကို ချစ်တယ်"
"သူက ဘက်စကက်လည်းတော်တယ် ချောလည်းချော စတိုင်လည်းကျ အမလေး ပြီးပြည့်စုံနေတာပဲ"ဒီလို စကားတွေထဲက... အချစ်......? သူတို့ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ အချစ်ကရော ဘယ်လိုအချစ်မျိုးလည်း?
လမ်းဖြတ်လျှောက်လာစဉ် တွေ့ခဲ့ရတဲ့ ကျွန်တော့်ပုံနဲ့ မဂ္ဂဇင်းကိုင်ထားတဲ့ ကောင်မလေးတွေရဲ့ ပြုံးနေတဲ့ မျက်နှာနဲ့ ပြောနေတဲ့ အချစ်ဆိုတာတွေကရော.....ဘယ်လိုအချစ်တွေလည်း?
YOU ARE READING
My Achilles~
FanfictionDj *( fanfic)* of Kuroko no basket anime^ ^ pair>>>>> Aomine × Kise My fav: pair in KnB ! I love them very much^ ^ Enjoy~