My Achilles~

18.1K 845 97
                                    

Zawgyi version

အချစ်တဲ့......

ဒီကမ္ဘာပေါ်မှာ အချစ်အမျိုးအစား များစွာရှိတယ်​!

မောင်ချစ်နှမချစ်​.....သူငယ်ချင်းချစ်​......မိဘနဲ့ သားသမီးအချစ်​.....​နောက်​.....ချစ်သူတွေချစ်တဲ့အချစ်​......

ရယူလိုတဲ့ အချစ်​ ... ​ပေးဆပ်လိုတဲ့ အချစ်​.....

မဖြစ်နိုင်တဲ့အချစ်​......

"Kise kun ​နောက်​ ပိုစ့်​​လေးတစ်​မျိုး​ပြောင်းပါအုံး ! မိန်းက​လေး​တွေကို ဖမ်းစားနိုင်​မယ့်​ အကြည့်​မျိုး​လေး​ပေါ့"

ကင်​မရာမန်း အမရဲ့ လှမ်း​သတိ​ပေးမှု​ကြောင့်​ ကျွန်​​တော်​ အ​​တွေးထဲက ရုန်းထွက်​လိုက်​တယ်​! ကိုယ်​ကို တဖက်​ယိမ်းရင်း သူတို့​ပြောကြတဲ့ ဆွဲ​ဆောင်​မှုရှိတဲ့ အပြုံးဆိုတာကို ပြုံးလိုက်​တယ်​!

"OOOOKKKKK~ လုပ်​ပါအုံး​နောက်​တမျိုး!!!!"

မီး​ရောင်​ တဖြတ်​ဖြတ်​​အောက်မှာ ကျွန်​​တော်​ အပြုံးမျိုးစုံနဲ့ နပန်းလုံးရင်း အချိန်​တစ်​ခုကုန်​ဆုံးသွားသည်​!

" ပင်​ပန်းသွားပြီ Kise kun! ​နောက်​တပတ်​​နော်​ ​နောက်​တပတ်​ တနင်္ဂ​နွေ ​ကျောင်းပိတ်​ရက်​မှာ fashion မဂ္ဂဇင်းအတွက်​ ဓာတ်​ပုံရိုက်​ဖို့ရှိ​သေးတယ်​!"
"ဟုတ်​ကဲ့ပါဗျာ~ ကျွန်​​တော်​ပြန်​လိုက်​အုံးမယ်​ ​နောက်​မှ​တွေ့တာ​ပေါ့ အားလုံးပဲ!"

ကျွန်​​တော်​ စတူဒီယိုက လှည့်​ထွက်​လာတဲ့ အထိ ကပ်​ပါလာတဲ့  စကား​တွေထဲက.....

"Kise kun က အမြဲစတိုင်​ကျ​နေတာပဲ​နော်​"
"ဟုတ်​ပါ့ သူ့အပြုံး​တွေကို ချစ်​တယ်​"
"သူက ဘက်​စကက်​လည်း​တော်​တယ်​ ​ချောလည်း​ချော စတိုင်​လည်းကျ အမ​လေး ပြီးပြည့်​စုံ​နေတာပဲ"

ဒီလို စကား​တွေထဲက... အချစ်​......? သူတို့ကျွန်​​တော့်​ကို ချစ်​တယ်​ဆိုတဲ့ အချစ်​က​ရော ဘယ်​လိုအချစ်​မျိုးလည်း?

လမ်း​ဖြတ်​လျှောက်​လာ​စဉ်​ ​​တွေ့ခဲ့ရတဲ့ ကျွန်​​တော့်​ပုံနဲ့ မဂ္ဂဇင်းကိုင်​ထားတဲ့ ​ကောင်​မ​လေး​တွေရဲ့ ပြုံး​နေတဲ့ မျက်​နှာနဲ့ ​ပြော​နေတဲ့ အချစ်​ဆိုတာ​တွေက​ရော.....ဘယ်​လိုအချစ်​​တွေလည်း?

My Achilles~Where stories live. Discover now