Episode 3.(Ghost? That's my fear)

395 65 1
                                    

jimin's pov:
သူမentertainmentထဲမှပြေးထွက်လိုက်ပြီးသူမရဲ့ဆိုင်သို့သာပြေးသွားလိုက်သည်

jimin: ဘယ်လိုလူနဲ့လာတွေ့နေလဲမသိဘူး

သူမရေရွတ်ရင်းခေါင်းသာကုတ်မိသည်...ဟုတ်သည်လေ သရဲလိုက်လို့ရှောင်ပါတယ်ဆိုမှ ဟို jungkookဆိုလား ဘာkookဆိုလား idolဆိုတဲ့လူကသူမကိုလာစွပ်စွဲနေသည်...သူမအတွက်ကံဆိုးတဲ့နေ့တစ်နေ့ပင် သို့သောဆိုင်တော့ဖွင့်ရပေဦးမည်...သူမထုံးစံအတိုင်းဆိုင်ဖွင့်၍ counterမှာထိုင်နေသည် ကံကောင်းစွာပဲတစ်နေ့လုံးတော့အနှောင့်အယှက်ကင်းကင်းနဲ့နေရသည်
ည7နာရီလောက်ရှိတော့သူမစောစောပြန်ရန်စိတ်ကူးပြီး ဆိုင်ပိတ်လိုက်သည်...သေချာစစ်ဆေးပြီးသော့ခတ်ကာတိုက်ခန်းဆီလမ်းလျှောက်ပြန်သည်...သူမဖြည်းဖြည်းချင်းဖုန်းဆော့ရင်းလမ်းလျှောက်နေသည်...မော့ကြည့်လိုက်တော့ bighit entertainmentနားတောင်ရောက်နေပြီ သူမလည်းဖုန်းပြန်ဆော့ကာလမ်းဆက်လျှောက်နေသည်...entertainmentကိုနည်းနည်းကျော်သွားတော့ " ရှပ် ရှပ် ရှပ် " သူမခြေသံကြားလိုက်သည်...ဆတ်ကနဲခေါင်းမော့ကာလှည့်ကြည့်တော့ ဘယ်သူမှမရှိနေ သူမတံတွေးတစ်ချက်မျိုချလိုက်ပြီးရှေ့လှည့်ကာဆက်လျှောက်နေသည်...သူမခပ်သွက်သွက်လျှောက်တော့ခြေသံကလိုက်ပြီးမြန်လာသည်...သူမထပ်လှည့်ကြည့်လိုက်တော့ သူမနောက်တော်တော်အကွာမှာတစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားပြီးအနက်ရောင်ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားတဲ့လူတစ်ယောက်ကိုသူမမြင်လိုက်သည်...သူမခေါင်းနပန်းတွေကြီးလာသည် စောစောကလှည့်ကြည့်လိုက်တုန်းကထိုသူမရှိ...

jimin: အဲ့ဒါသရဲများလား? လူလား?

သူမတွေးပြီးခပ်ဖြည်းဖြည်းလျှောက်ကာနားစွင့်နေသည်..." ရှပ် ရှပ် " သူမနောက်ကခြေသံထပ်ကြားရတော့ သူမလှည့်ကြည့်လိုက်သည်...ခုနကလူမသူမှနဲ့ခပ်လှမ်းလှမ်းမှာ ခုခြေသံကြားလိုက်ရတာကသူမနဲ့နီးနီးလေး...ညကတော်တော်မှောင်နေပြီ လမ်းမီးတွေကြောင့်သာအလင်းရောင်ရှိနေခြင်းဖြစ်သည်...မိန်းကလေးတစ်ယောက်တည်းလမ်းမှာ နောက်ကသရဲကလိုက်လာသေးသည်

jimin: ငါ့-ငါ့ နောက်သရဲလိုက်လာတယ် ဟိုလူကလည်းဘာလုပ်မလို့လဲမသိဘူး ဘုရား ဘုရား ငါ့ကိုဓားပြတိုက်မလို့လား

Ghost? That's my fearTempat cerita menjadi hidup. Temukan sekarang