10✿Baby's Breath✿10

8.9K 1K 59
                                    

✿Baby's Breath✿
Chapter - 10

Baekhyun က ကိုယ်​အပူချိန်​ နည်းနည်း​တော့ ကျန်​​သေး​ပေမယ့်​ ဆရာဝန်​က အိမ်​ပြန်​ပြီး ​ကောင်း​ကောင်း အနားယူ လိုက်​ရင်​ ရတယ်​လို့​ပြော​တာ​ကြောင့်​ ​ဆေးရုံဆင်းလိုက်​တယ်​​လေ...

သူ​နေမ​ကောင်း စဖြစ်​ကတည်းက ကျွန်​​တော်​တို့ နှစ်​​ယောက်​ စကား​သေချာမ​ပြောဖြစ်​ခဲ့ကြတာ အခုထက်​ထိပဲ...
နည်းနည်း ကသိက​အောက်​ဖြစ်​တယ်​လို့ပဲ ​ပြောရမလား...
Baekhyun က​တော့ အရင်​အတိုင်း ရွှင်​ရွှင်​လန်းလန်း​လေး ပြန်​ဖြစ်​လာ​ပေမယ့်​ ကျွန်​​တော်​က​တော့ သိပ်​အဆင်​မ​ပြေဘူး...
Baekhyun မျက်​ရည်​ဝဲ​နေတဲ့ မျက်​နှာ​လေးကို ပြန်​မြင်​​ယောင်​တိုင်း ဘာမှန်းမသိ ရင်​ဘက်​ထဲက တဆစ်​ဆစ်​နဲ့နာတယ်​...
အိပ်​စက်​ အနားယူလိုက်​ရင်​​တောင်​ ​မသက်​သာဘူး​လေ...

'Omma! Baekhyun က ​ကျောင်းမသွားချင်​​တော့ဘူးတဲ့...'

ကျွန်​​တော်​ ​ကျောင်းအင်္ကျီကြယ်​သီးတပ်​ရင်း​ပြော​တော့ သူမ အလုပ်​အတွက်​ စာရွက်​စာတမ်း​တွေ ထည့်​​နေရင်း လှမ်း​ပြောတယ်​...

'ဘာလို့မတတ်​ချင်​တာလဲ? Baekhyunee က ​ကျောင်းချစ်​ပါတယ်​...'

Baekhyun ကို ကြည့်​​တော့ ဘာမှမသိသလိုလိုနဲ့ ကြယ်​သီးတပ်​​နေ​တယ်​...
မှားပြီး တပ်​​နေလို့​တောင်​ ကျွန်​​တော်​ ပြန်​ပြင်​ပြီး တပ်​​ပေးလိုက်​ရ​သေးတယ်​...

'Chanyeol! သား သူနဲ့ ရန်​ဖြစ်​ထားတာ​တော့ မဟုတ်​ပါဘူး​နော်​...​က​လေးက ​နေမ​ကောင်းဖြစ်​ထားတာ​...​ကောင်း​ကောင်း ဂရုစိုက်​...ပြီး​တော ​ကျောင်းက သူတတ်​လို့ရတဲ့ အထိ တတ်​ရင်​ရတာပဲ...'

'ဘာလဲ...​ကျောင်းက သူ့ကို မတတ်​နဲ့​တော့လို့ မ​ပြောခင်​အထိလား?'

'အင်း​လေ...'

ကျောင်းကို ကမဟုတ်​တာပါ...
ကျောင်းအုပ်​ကြီးနဲ့ အ​မေ​ဆွေး​နွေး​တုန်းက မနည်း​ပြောပြီး ခွင့်​​တောင်းခဲ့ရတာ ကျွန်​​တော်​ သိတာ​ပေါ့...
အဲ့​လောက်​ Baekhyun ကိုလက်​မခံချင်​ဘူးဆိုရင်​လည်း ဘာဖြစ်​လို့များ ဥာဏ်​မမှီတဲ့က​လေး​တွေအတွက်​ အထူးတန်းလုပ်​ထား​သေးလဲ...

✿Baby's Breath✿Where stories live. Discover now