Their Destiny

3.9K 125 2
                                    


Romeo တွေ့ လိုက် ရ သည်က
သူ့ချစ်သူ၏ အသက်မဲ့ နေ သော ခန္ဓာကိုယ်။

ပြစ်မျိုးမှဲ့ မထင် မျက်နှာနှင့် သေလူဟုပင်
ထင် ရက်စရာ မရှိ အောင် လှပ နေ သော
သူမ , Juliet.

Romeo လက်မခံ နိုင် ပါ။
သူ၏အချစ် ရဆုံးသူ Juliet မရှိတော့သည့်
လောကကြီးဟာ ဘာအဓိပ္ပာယ် ရှိတော့မှာ
လဲ။

သူဆုံးဖြတ်ချက်ချလိုက်သည်။

သူ၏ ဓားအိမ်မှ ဓားကို ဆွဲထုတ်ကာ
ချစ်သူ၏ မျက်နှာလေးကို တစ်ချက်ကြည့်
လိုက်သည်။

သူ၏ မျက်ဝန်းအကြည့်များက
"ကိုယ်လိုက်လာပြီ" ဟု ပြောနေ
သ ယောင် ယောင် ။

ဆုံးဖြတ်ချက်ချအပြီး ဓားကို ဝမ်းဗိုက်နား
တည့်ထားကာ ဓားအဆုံးထိဝင်အောင်
ထိုးချလိုက်သည်။

ဝမ်းဗိုက်မှ သွေးများစီးကျ လာသည်။

သူ့မျက်လုံးတွေပြာဝေလာသည်။

တွေ့ပါပြီ။ သူ၏ အချစ် ရဆုံးသူ။

သူ့ဆီ ပြေးလာကာ ပွေ့ဖက်နေ၏။

မိမိချစ်သူနှင့် ပြန်လည် ဆုံတွေ့ရပြီဟူသော
အသိက မျက်လုံးအစုံ ကို စိတ်ချလက်ချ
မှိတ် လိုက်စေသည်။

သို့သော် သူ၏ချစ်သူနှင့် တမလွန်မှာ
ပြန်ဆုံခြင်းမဟုတ်ကြောင်းကိုတော့
Romeo မသိလိုက် ရှာ။

Juliet ၏သေဆုံးမှု မှာ အတုအ ယောင်
ဖြစ်ကြောင်းကို Romeo အား
ပေးမသိ သော ကံကြမ္မာဇာတ်ဆရာသည် ရက်စက်လွန်းလှ၏။

မိမိ ၏ ချစ်သူ သေ ဆုံးမှု ကို မျက်ဝါး
ထင် ထင် မြင်တွေ့ လိုက် ရ သော Juliet
မှာ အရူးမီးဝိုင်းဖြစ်သွားသည်။

ရက်စက်လှသော ကံကြမ္မာကိုသာ
အပြစ်တင် ရင်းး Juliet မေးခွန်းတွေ
ထုတ်နေမိသည်။

နောက်ဆုံးမှာတော့ Juliet လည်း
Romeo အသုံးပြုခဲ့သော သေမင်းတမန်
ဓားဖြင့်သာ သက် ရှိ လောက ကို
နှုတ်ဆက် သွားလေ တော့သည်။

ချစ်သူနှစ်ဦးး တမလွန်မှာပြန်ဆုံစေရန်သာ
မျှော်လင့် ရင်းးးး

The END.

......... ......... ......... ......... .........

......... ......... ......... ......... .........

ဆန်းကြယ်သောအချစ် [Complete]Where stories live. Discover now