အပိုင်း ၈

429 29 0
                                    

ကျွန်တော်ဘယ်လိုအင်အားနဲ့များခလေးကိုတားရပါ့မလဲ။
ခလေးဟာအရွယ်ရောက်ပီးသားမိန်းခလေးတယောက်ပဲလေ။
သူလဲမေတ္တာမျှချင်ရှာမှပေါ့။
ကျွန်တော်သိပီးသားပါ။ခလေးနဲ့ဟိုဘက်အိမ်ကကောင်လေးတွဲမိနေတယ်ဆိုတာ။
ခလေးရယ်မင်းလေးပျော်သလိုလုပ်ပါ။
ကိုကြီးရင်တွေကွဲပါစေ
ခလေးပျော်ရင်ကျေနပ်ပါတယ်ကွာ။
ခလေးကပြောတယ်
သူနိုင်ငံခြားမှာပညာသွားသင်ချင်တယ်တဲ့။
အင်းပေါ့လေ ခလေးကကိုကြီးရင်ကို စုန်ကန်တော့မှာပေါ့။
ခလေးရယ်မင်းဘဝလေးတိုးတက်ဖို့ကိုကြီးထောက်ပံ့ပေးနေမှာပါ။
ပညာတော်သင်သွားမှာတောင်ခလေးချစ်သူနဲ့တူတူတဲ့လား
ခလေးပညာတော်သင်အတွက်
ကျွန်တော်အစစအရာရာလုပ်ပေးပီးပါပီ။
ချစ်သူနဲ့တူတူပညာသင်ရမယ်ဆိုတော့ပျော်နေရှာမှာပေါ့နော်။
ခလေးရယ် မသွားပါနဲ့လို့တားချင်တယ်ကွယ်

ကိုကြီး
ခလေးရဲ့ခေါ်သံကြောင့်ကျွန်တော်ါအတွေးတွေခဏရပ်ထားလိုက်မိတယ်။

ကိုကြီး

ဟင်

မနက်ဖြန်လေဆိပ်ကို လိုက်ပို့မှာမလားဟင်

ခလေး ကိုကြီးမနက်ဖြန်လိုက်မပို့နိုင်ဘူး

ဘာလို့လဲ

ကိုကြီးမအားဘူးခလေး
ခလေးတွက်ကိုကြီးအစစအရာရာပြင်ဆင်ပေးပီးပီလေ

နက်ဖန်သွားမှာကခလေးချစ်သူလဲပါတယ်လေ
ကိုကြီးလိုက်မပို့တော့ပါဘူးခလေးရယ်

အင်းပါအာ့ဆိုလဲ goodnight နော်ကိုကြီး

ခလေးအခန်းပြင်ထွက်သွားတာနဲ့
ကျွန်တော်စားပွဲပေါ်ကပစ္စည်းတွေကို
အပစ်ပုံချမိတယ်။

အဲ့သလိုပဲ
အခန်းအပြင်ကခလေးကတော့

ကိုကြီးရယ်
ကိုကြီးရဲ့အချစ်တွေကိုခလေးပေါ်မှာဘယ်တော့မှဖွင့်ပြမှာလဲဟင်
ခလေးပညာတော်သင်သွားမယ်ဆိုတာကလဲ
ကိုကြီးအတွက်ပါ
ကိုကြီးကိုကူညီနိုင်ဖို့ပါ။ကိုကြီးဘေးနားကမိန်းခလေးချောချောလေးတွေကိုမရှိစေချင်လို့
တချိန်ခလေးပြန်လာရင်ကိုကြီးဘေးနားမှာပဲနေတော့မှာ။
ခလေးချစ်သူ
ဟင့်အင်း
ခလေးမှာချစ်သူမရှိဖူး
ကိုကြီးကိုရွဲ့ချင်တဲ့စိတ်ကြောင့်ပြောခဲ့တာတွေပါကိုကြီးရယ်

မနက်ဖန်ခလေးကိုကြီးကိုလေဆိပ်မှာစောင့်နေမှာပါ။ကိုကြီး
ခလေးပညာတော်သင်သွားပီးရင်ဘယ်တော့မှ
ပြန်လာဖြစ်မယ်မသိဖူး
ကိုကြီးရင်ထဲကအချစ်တွေကိုဖော်ထုတ်ဖို့ခလေးဒီနည်းလမ်းတွေကိုသုံးပါရစေတော့ကိုကြီးရယ်

ထိုညသည်မျက်ရည်တို့အောင်ပွဲခံသောညဖြစ်ခဲ့သည်။

နောက်တပိုင်း
Sweet ရင် sweet
မ sweet ရင် sad ပါလို့။

ကိုကြီးရဲ့ခလေးWhere stories live. Discover now