Sail.....WITH...[One Shot]

2.7K 234 7
                                    

Sail...WITH...[One Shot]

ဂျွန်​မြောင်​ ကြိုက်​သည်​ဖြစ်​​စေ မကြိုက်​သည်​ဖြစ်​​စေ

သူဟာ ရီရှင်းဆိုတဲ့ကျွန်​​တော့်​အပိုင်​ဖြစ်​ရမယ်

°°°•••°°°•••°°°•••°°°•••°°°•••°°°•••°°°••

အဖွဲ့တစ်​ဖွဲ့ရဲ့​ခေါင်း​ဆောင်​တစ်​​ယောက်​အ​နေနဲ့ ကျွန်​​တော်​ဟာ အရိပ်​အကဲကြည့်​​နေရတယ်​....member​တွေရဲ့မျက်​လုံး​တွေကိုအကဲခတ်​ရတယ်​...သူတို့ဘာဖြစ်​​နေတယ်​ဆိုတာ​တွေကို ကျွန်​​တော်​က​လေ့လာရတယ်....ဒီထဲမှာ ရီရှင်းဟာအဆိုးဆုံးပဲ...သူအခုတ​လောဘာဖြစ်​​နေလဲမသိ...သူကျွန်​​တော့်​ကိုကြည့်​တဲ့အကြည့်​​တွေဟာ တစ်​ခါတစ်​ရံ​ကျောချမ်းစရာ​ကောင်းလွန်းတယ်​.....

ခံစားချက်​ကိုဖွင့်​မ​ပြောတတ်​တဲ့သူ​ကြောင့်​ ကျွန်​​တော်​စိတ်​ညစ်​ရတယ်​...သူ့မျက်​နှာကိုကြည့်​တာနဲ့ကျွန်​​တော်​သူဘာဖြစ်​​နေတယ်​ဆိုတာခန့်​မှန်းလို့မရဘူး...ကျွန်​​တော်​ကပဲတုံးလွန်းလို့လားမသိ....မဖြစ်​​သေးပါဘူး....ဒီ​နေ့​တော့သူနဲ့မျက်​နှာချင်းဆိုင်​​တွေ့ပြီး​မေးမှပါ....

ဂျွန်​​မြောင်​၏​ခြေလှမ်းများသည်​ ရီရှင်းရဲ့အခန်းဆီသို့​......ထို​ခြေလှမ်းများသည်​ ​နှေး​ကွေးလွန်းသည်​လည်းမဟုတ်​ လျင်​မြန်​လွန်းသည်​လည်းမဟုတ်​...

'​ဒေါက်​...​ဒေါက်​...ရီရှင်း...ငါပါ...ဝင်​ခဲ့မယ်​​နော်​'

'အင်း'

အခန်းထဲမှကြားလိုက်​​ရ​သော တုံပြန်​မှုအသံသည်​ တိုးလျလွန်းခဲ့သည်​..

'ရီရှင်း...ငါမင်းကို​ပြောစရာရှိလို့'

'ဘာ​ပြောမလို့လဲ....​ပြော​လေ'

ရီရှင်းကသူ့ရဲ့laptop screenကိုသာစိုက်​ကြည့်​ရင်း​ပြောလိုက်​သည်​.....ဂျွန်​​မြောင်​က ရီရှင်းကြည့်​​နေ​သော laptop screenဆီမျက်​လုံး​ရွေ့လိုက်​​တော့ မြင်​​နေရတာကရီရှင်းရဲ့​ဖန်​တီးပြီးသားသီချင်းfile​တွေ.....

'ရီရှင်း....ငါ​ပြောမှာက...ဟင်း...'

ဂျွန်​​မြောင်​ကစကားကိုဆုံး​အောင်​မ​ပြော​သေးဘဲ သက်​ပြင်းတချက်​ချသည်​....

Sail......WITH.....[One Shot]Where stories live. Discover now