Episode 1

18.1K 600 13
                                    

(Zawgyi)

ကျောင်းမှာ Maths သင်တဲ့အချိန်ဆို ကျွန်တော် Shim Changmin အပျော်ဆုံးပေါ့...။ အရင်ကတော့ Maths အချိန်တွေဆိုအရမ်းစိတ်ရှုပ်ခဲ့တာ...။ ဒါပေမယ့် ဆရာအသစ်ပြောင်းလာပြီးကတည်းက Changmin Maths အချိန်တွေကို တချိန်မှမပျက်တော့....။

အတန်းရှေ့မှာစာကိုစိတ်ပါဝင်စားစွာ သင်နေတဲ့ဆရာ Jung Yunho...။
စာအသင်အပြကလဲကောင်းသလို ရုပ်ကလဲယောင်္ကျားပီသစွာ ချောမောလွန်းလှသဖြင့် သူ့အချိန်ဆိုအမြဲ အတန်းထဲမှာလူပြည့်နေတာပဲလေ...။

"Shim Changmin ဆရာ့ကို ဒီပုစ္ဆာလေး ထွက်တွက်ပြပါလား...?"

တိန် သေရော... ဆရာ့ကိုငမ်းနေတာနဲ့ စာရှင်းပြတာတောင် ဘယ်နားရောက်သွားလဲမသိ...။ ဘေးကိုငဲ့ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ Junsu က Formula တခုကို ပါးစပ်လှုပ်ရုံ ခပ်တိုးတိုးလေးရွတ်ပြသည်...။ ဒီလောက်ဆို Changmin က သဘောပေါက်ပါတယ်... စာညံ့တဲ့ကျောင်းသားမှမဟုတ်တာ...။

ခပ်တည်တည်ပင်အတန်းရှေ့ထွက်သွားပြီး Blackboard မှာ ပုစ္ဆာကိုချတွက်လိုက်သည်...။ ဆရာကတော့ ဘေးမှာလက်ပိုက်ရင်း ပြုံးကြည့်နေသည်...။ Shim Changmin ဆိုတာကလဲ စာတော်တဲ့ကျောင်းသားတယောက်ဖြစ်သလို ရုပ်လေးကလဲချောတော့ မိန်းကလေးတွေပါးစပ်ဖျား ရေပန်းစားလွန်းလှသည်လေ...။

"ပြီးပြီ ဆရာ"

ဆရာက Changmin တွက်ထားတာကိုကြည့်ပြီး ပြုံးကာခေါင်းညိတ်နေလေသည်...။ စာတော်တဲ့ကျောင်းသားမို့ ဘယ်အချိန်ထတွက်ခိုင်းခိုင်း အဖြေမှန်နေတာပဲ...။

"တော်တယ် Changmin သွားထိုင်တော့"

"Nae.."

Changmin ကိုယ့်ခုံပေါ်တွင်ကိုယ်ပြန်ထိုင်မိတော့ ဘေးခုံက Junsu က လက်မထောင်ပြလေသည်...။ Changmin လဲပြုံးပြရင်း ပါးစပ်ကနေ ခပ်တိုးတိုးလေး ကျေးဇူးတင်စကားပြောလိုက်သည်...။

"ကလင် ကလင် ကလင်"

အတန်းချိန်တောင်ပြီးသွားပြီ...မြန်လိုက်တာ..။ Maths အချိန်ဆိုဘာလို့အချိန်ကုန်မြန်နေလဲမသိ...။ ဒါပြီးရင်ထမင်းစားနားတော့မှာဆိုတော့ ကျောင်းသားတွေက စာအုပ်တွေပါသိမ်းနေကြလေပြီ..။

Unforgettable Love (Completed)Where stories live. Discover now