Episode 25

3.6K 279 34
                                    

(Zawgyi)

"Jae ဘာတွေပြောနေတာလဲ ဒီကိစ္စက မနောက်ကောင်းဘူးလေ"

Yunho အခုထိ Jaejoong ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိဆဲ... Jaejoong ကတော့ ဆုံးဖြတ်ချက်ခိုင်မာသွားတဲ့လူတယောက်လို ပကတိတည်ငြိမ်နေလေတယ်...

"တကယ်ပြောနေတာ ကျွန်တော်တို့လမ်းခွဲကြရအောင်"

Yunho ထိုင်နေရာမှ ချက်ချင်းထကာ Jaejoong ရှေ့တည့်တည့်မှာ ဒူးထောက်ထိုင်လိုက်ရင်း ငုံ့ထားတဲ့ Jaejoong ရဲ့မျက်နှာကိုမော့ကြည့်လိုက်တယ်... လမ်းခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... သူတို့နှစ်ယောက် ဒီလောက်ချစ်ကြတာကို သူတို့သာအသိဆုံး...

"Jae အဲလိုမပြောပါနဲ့ကွာ Cha Daehyun အနိုင်ကျင့်တာခံရလို့ဆိုလဲ အဲ့ကိစ္စကိုကိုယ်က မေ့ထားလိုက်ပြီလေ အဓိကက Jae ဘာမှမဖြစ်ဖို့ပဲ"

"အဲဒါကြောင့်မဟုတ်ပါဘူး ကျွန်တော်နဲ့သူက အဆုံးစွန်ထိဖြစ်ပျက်သွားတာမှမဟုတ်တာ ပြီးတော့ Yunho ခွင့်လွှတ်ပေးမှာဆိုတာလဲ သိနေပြီးသားပါ"

"အဲဒါဆိုဘာလို့များလဲ Jae ရယ် ကိုယ့်ကိုပြောပြပါ ကိုယ့်ဆီမှာမင်းမကြိုက်တဲ့အချက်တွေ ရှိနေတယ်ဆိုရင်လဲ ရအောင်ပြင်ပေးပါ့မယ်ကွာ"

Yunho ဒူးထောက်ထားရက်နဲ့ပဲ Jaejoong ရဲ့ပေါင်ပေါ်သူ့လက်တွေကိုတင်ထားရင်း Jaejoong ရဲ့မျက်နှာကိုမပြတ်တမ်း အကဲခတ်နေလိုက်တယ်....

"Yunho က အားလုံးပြည့်စုံတဲ့သူပါ ဒီတိုင်းကျွန်တော်တွေးမိတာတခုရှိလို့ပါ ကျွန်တော်လေ.... Yunho ကို တကယ်မချစ်ခဲ့ဘူး"

Jaejoong ရဲ့စကားကြားတော့ Yunho ရဲ့ရင်ထဲမှာ အရှိန်ပြင်းတဲ့ဗုံးတလုံး ထပေါက်ကွဲသွားသလိုပါပဲ... မယုံနိုင်ခဲ့ဘူး... Jaejoong နှုတ်ကနေထွက်လာတာပေမယ့် မဖြစ်နိုင်တဲ့ကိစ္စတခုလို အိပ်မက်တခုလိုပင်  စိတ်ထဲကနေထင်မှတ်နေမိတယ်...

"ဖြစ်နိုင်တာက Suuie နေရာမှာအစားထိုးမိတာ ဖြစ်ရမယ် အထီးကျန်နေတဲ့ကျွန်တော့်ဘ၀ကို Yunho က ၀င်လာတဲ့အတွက်ကြောင့်လေ"

Yunho ဒူးထောက်ထိုင်နေရာကနေ ဖြည်းညှင်းစွာထရပ်လိုက်ရင်း Jaejoong ကို မမြင်ဖူးတဲ့လူတယောက်လို ငေးကြည့်နေမိရင်း ခေါင်းကိုတွင်တွင်ခါနေမိတယ်...

Unforgettable Love (Completed)Where stories live. Discover now