Part-17 [another boy again]

3.3K 261 2
                                    

"babyကျောင်းဆက်မတက်တော့ဘူး
yeol…"

"ဟင်!!"

seoulဆေးရုံကြီးကို ပြောင်းရွေ့ပြီးပြီးချင်း
ပြောလာသည့် babyစကားကြောင့် ရင်
ထိတ်သွားရသည်မို့…

babyကိုလှမ်းကြည့်မိတော့ ကုတင်ထက်
လဲလျောင်းနေတဲ့ ommaလက်ကလေး
ကို ကိုင်ကာ ပြတင်းပေါက်ကို တွေတွေ
လေးငေးကြည့်နေလေရဲ့…

"ဒီမှာ ommaတစ်ယောက်တည်း ဘယ်လိုဖြစ်မှာလဲ…yeolရယ်…"

ခပ်လေးလေးပြောလာသည့် babyစကား
သံအဆုံး အတွေးထဲဝင်ရောက်လာသည်
က Drရဲ့စကားအချို့…

"ကောင်လေးအမေက comaဖြစ်နေတာ
သုံးနှစ်လောက်ရှိပီ…နောက်တစ်လနေ
လို့မှ သတိမရတော့ရင်……"

ဆက်မပြောတော့တာကြောင့် သူပြော
ချင်တာဘာဆိုတာYeolနားလည်ပါသည်

"အသင့်ပြင်ထားပါ ကောင်လေးရယ်…"

သူ့ကို Drပြောခဲ့တဲ့စကားက babyကို ဘယ်လောက်နာကျင်စေရမလဲဆိုတာ သူ
သိပါသည်…သုံးနှစ်နေမှပြန်တွေ့ရတဲ့
ommaမဟုတ်လား??? babyအရမ်းဝမ်း
နည်းနေမှာပဲ…

"babyဘာမှမစားရသေးဘူးမလား?? တစ်ခုခုသွားစားရအောင်နော်…မိုးလင်း
တော့မှာ မဟုတ်ရင် baby အားနည်းနေလိမ့်မယ်…"

babyပုခုံးလေးပေါ်ဆုပ်ကိုင်ရင်းပြော
လိုက်တော့

"yeolပဲသွားစားလိုက်ပါ…"

babyကစိတ်ပင်ပန်းနေတာ အာဟာရပါ
ပြတ်သွားရင် အိပ်ရာထဲလဲသွားမှာ…မဖြစ်
သေးပါဘူး ချော့ပြီးအတင်းကျွေးမှပါ…

"ကိုယ် ကလေးစားဖို့သွားဝယ်လာခဲ့မယ်
နော်…"

"အင်း…"

တစ်ခွန်းထဲသာ လေးပင်းစွာဖြေရင်း မော့
ကြည့်လာတဲ့ မျက်ဝန်းနွမ်းနွမ်း လေးတွေ အောက် မျက်ရည်ဥလေးတွေတွဲခိုလို့…

နာကျင်လိုက်တာ…babyက မျက်ဝန်းထဲ
မှာငိုနေတာ ကိုယ့်နှလုံးသားလေးငိုကြွေး
နေတာကိုတော့ ဘယ်မြင်နိုင်လိမ့်မှာလဲ…

💛💛💛You Will Be Mine💛💛💛

babyကို ဖျောင်းဖြထားသည်မို့ ကျောင်း
ဆက်တက်မို့လက်ခံပေမယ့်လည်း တစ်
ပတ်ကျော်သည့်တိုင် babyကျောင်းမ
သွားသေး…ဆေးရုံမှာသာ အချိန်ကုန်နေ
ခဲ့သည်…

You Will Be Mine [chanbaek yaoi]Where stories live. Discover now