Prologue

1.7K 109 13
                                    

...........


သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေစက်တွေကြားထဲမှာ
ကားတစ်စီးက ဖြည်းညင်းစွာသွားနေတယ်
ထိုကားကိုမောင်းနှင်လာတဲ့ သူက စီးပွားရေးလောကမှာ အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦး....
သူ ဦးတည်သွားနေတဲ့နေရာကတော့ ဘုရားကျောင်းဆီကို

သူ့ရဲ့ မိဘနှစ်ပါးလုံးက ကားအက်ဆီးဒန့်တစ်ခုကြောင့်ဒီနေ့လိုနေ့မျိုးမှာဆုံးပါးသွားခဲ့တယ်
အခုဆို သုံးနှစ်ပြည့်ခဲ့ပြီ....
ငယ်ငယ်ကမေမေနဲ့အတူ အမြဲလာခဲ့ဖူးတဲ့ ဘုရားကျောင်းလေးကို
သူသွားနေမိတယ်...

ဘုရားကျောင်းဝန်းထဲရောက်တော့ သူကားကိုစနစ်တကျထိုးရပ်လိုက်တယ်
ဘာလုပ်လုပ် စည်းစနစ်တကျနဲ့အကုန်လုပ်တတ်တဲ့သူက ဒီနေ့ကျမှထီးကိုယူဖို့မေ့လာခဲ့တယ်
မိုးကလည်း သည်းသည်းထန်ထန်ရွာနေတာကြောင့်
သူ ဘုရားကျောင်းထဲကိုအမြန်ပြေးဝင်လိုက်တယ်...

ဘုရားကျောင်းထဲဝင်ဖို့လုပ်မိတော့ တံခါးအပေါက်ဝနားကအရာတစ်ခုကြောင့်သူ့ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားတယ်...
သူတွေ့လိုက်ရတာက ကောင်လေးတစ်ယောက်...
တစ်ယောက်ယောက်အလာကိုထိုင်စောင့် နေတာလား
မိုးဝင်ခိုနေတာလား သူသေချာမသိပေမယ့် ထိုကောင်လေးကြည့်ရတာမိုးရေတွေစိုရွဲပြီး ချမ်းခိုက်နေတဲ့ပုံပေါ်လို့
သူ့စိတ်ထဲ တစ်ခုခုပဲဖြစ်ဖြစ် အကူအညီပေးချင်စိတ်က အကြောင်းပြချက်မရှိဘဲ ဝင်ရောက်လာတယ်...

"ဟေ့ ဒီမှာ ချာတိတ် မင်းအဆင်ပြေရဲ့လား ငါဘာကူညီပေးရမလဲ?"
ထိုကောင်လေးပုံစံက အသားဖြူဖြူနဲ့ ကျောပိုးလွယ်အိတ်ကိုလွယ်ထားပြီး လူငယ်ပုံစံဝတ်စားထားတာကြောင့် သူချာတိတ် လို့ပဲ နာမည်တပ်ခေါ်လိုက်တယ်...
ထို ကောင်လေးက 'ဘာတွေလာမေးနေတာလဲဗျာ' ဆိုတဲ့အကြည့်နဲ့ တချက်ပဲမော့ကြည့်ပြီး ခေါင်းကိုအောက်ငုံသွားတယ်...

"မင်းအိမ်ကဘယ်မှာလဲ ငါလိုက်ပို့ပေးရမလား "
သူထပ်မေးပြန်တော့
ထိုကောင်လေးကလှည့်တောင်ကြည့်မလာ...

ထိုကောင်လေးရဲ့ ချမ်းခိုက်နေ့တဲ့ပုံကိုသူမကြည့်ရက်တော့
နှုတ်ခမ်းတွေကလည်း ပြာနှမ်းနေပြီ...
နောက်ဆုံး သူဝတ်လာတဲ့ Long Coatကို ထိုကောင်လေးခန္ဓာကိုယ်ပေါ်
အနွေးဓာတ်ရလို ရငြား လွှမ်းခြုံပေးလိုက်တယ်...

IN YOUR EYES. jaeyong [Discontinue]Onde histórias criam vida. Descubra agora