001.

882 90 3
                                    


..............

"သခင်လေး ကျောင်းသွားဖို့ ကားအဆင်သင့်ဖြစ်ပါပြီ"

အေးစက်နေတဲ့ မနက်စာစားပွဲဝိုင်းထဲ ပျံ့လွင့်လာတဲ့ထိုအသံ

"ဒါဆို....
သားကျောင်းသွားတော့မယ်နော် ဖေဖေ"

ထိုစားပွဲဝိုင်းကကောင်လေး အသံကထပ်မံပျံ့လွှင့်လာတယ်
တဖက်ကလူကြီးကတော့ မည်သည့်အသံမျှတုန့်ပြန်မလာ...

"သွား..သွားရအောင် Arjushi"

"..Nae..."

................

ကျောင်ကိုအသွားလမ်းမှာ ဘုရားကျောင်းကိုဖျက်ခနဲမြင်လိုက်မိတော့
သူညကအဖြစ်အပျက်ကို သတိရသွားမိတယ်..

"Arjushi!"

"ကျွန်တော့်ကို ကျောင်းပို့ပြီးရင် အိမ်ပြန်ပြီး Arjumaကိုမနေ့ညကျွန်တော်ဝတ်ခဲ့တဲ့ အဝတ်တွေထဲက long coatအနက်ရောင်လေးကို သေချာမီးပူတိုက်ထားပေးဖို့ သွားပြောပေးပါလား"

"ဗျာ??! ဖြစ်ပါ့မလား သခင်လေးရယ် သူဌေးက ကျွန်တော့်ကိုသခင်လေးနားကနေတဖဝါးမှ မခွာဘဲနေဖို့ ပြောထားတာ
သူဌေးသိသွားရင် ကျွန်တော်ရော သခင်လေးပါအခက်တွေ့နေလိမ့်မယ်"

"ရပါတယ် ကျွန်တော်စာသင်ခန်းဝင်နေချိန်ကျ သွားပြောလိုက်ပါနော်
တောင်းဆိုပါတယ် နော် Arjushii!!"

ကားမောင်းနေတဲ့ ထိုလူက အသားဖြူဖြူနဲ့ကောင်လေးက လက်မောင်းတွေကိုဆုပ်ကိုင်ရင်း တောင်းဆိုတယ်...

နောက်ဆုံးကျတော့ ထိုလူက ကောင်လေးအလိုကိုလိုက်လျောလိုက်ရတော့တယ်...

"ကောင်းပါပြီ သခင်လေးဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးပါ့မယ်
ဒါပေမယ့် ကျွန်တော်မရှိတုန်းဘယ်မှတော့ မသွားပါနဲ့နော်"

"ဟုတ်...မသွားပါဘူး ကျွန်တော်ကတိပေးတယ်
arjushiသာ သွားပြောဖြစ်အောင်ပြောပေး"

"ဟုတ်ပါပြီ သခင်လေးရယ်.."

ဒီလိုနဲ့ပဲ မောင်းနှင်လာတဲ့ကားလေးက ကျောင်းရှေ့ကိုဆိုက်ရောက်သွားတယ်...

IN YOUR EYES. jaeyong [Discontinue]Where stories live. Discover now