6-ပြန်လည်တွေ့ဆုံခြင်း

3.4K 303 16
                                    

"baek…အပြင်ခဏသွားနေ"

"အမ်!! ဘာလို့??"

အဆက်အစပ်မရှိ ထပြောသော chan
yeolစကားကြောင့် baek hyunမှာ
ကြောင်စီစီ…

"ဟို…ဟို…အဲ…ဒါက…"

baek hyunစိတ်ဆိုးမည်စိုးသောကြောင့်
chan yeolမှာ ပြောရမလို မပြောဘဲ နေ
ရမလို…

"yah!! ငါစိတ်မရှည်…အဲ…သွားတော့
မယ်"

ထအော်ပြီးမှ ချက်ချင်းဆိုသလို လေသံ
ပြောင်းသွားသော baek hyunကြောင့်
chan yeolမှာ ကြောင်တောင်တောင်

baek hyun အတန်းထဲက အလျင်စလို
ပြေးထွက်သွားသည်ထိ chan yeol
ခေါင်းကုတ်ကာ လိုက်ကြည့်နေမိတုန်း

"yah!! ငါ့သမင်လေးလာပြီ"

ပုခုံးကို လက်တို့ကာ ခပ်တိုးတိုးဆိုလာ
သော se hunစကားကြောင့် chan yeol
lu hanကို လှမ်းကြည့်လိုက်မိသည်

အဖြူရောင် ရှပ်လက်ရှည်လေးကို ဘောင်းဘီအနက်လေးနှင့် တွဲဝတ်ထား
သော lu han samက ချောလွန်းပါတယ်

သေချာတယ် ဒါlu han samကြောင့်
baekထွက်သွားတာ

ဒါလည်းကောင်းတာပဲ…baekကို samနဲ့
မတွေ့စေချင်လို့ မောင်းထုတ်နေတာ…အ
တော်ပဲဖြစ်သွားတယ်

အမ်!! ဒါနဲ့ baekက samကို ကြိုက်နေ
တာမဟုတ်ဘူးလား

ဒါဆို သူဘာဖြစ်လို့ထွက်သွား…

မဟုတ်မှ…lu han samနဲ့ တွေ့ရမှာ သူ
ရှက်နေတာလား??

"အာ!!!"

ရုတ်တရက် စိတ်ရှုပ်သလို ထအော်သော
chan yeolကြောင့် lu hanသာမက
တစ်ခန်းလုံးရဲ့ အကြည့်တွေက သူ့ဆီသို့

"park chan yeol!! ဘာဖြစ်နေတာ
လဲ?? samရှင်းပြတာ နားမလည်လို့လား?"

"မဟုတ်ပါဘူးsam…ခေါင်းကိုက်နေလို့
ပါ"

"ဆေးခန်းသွားမလား chan yeol??"

"မသွားတော့ဘူး…ရပါတယ်"

"အင်း…အရမ်းကိုက်လာရင်ပြောနော်"

"ဟုတ်ကဲ့"

lu hanစာဆက်သင်နေသည်ကို chan
yeolမျက်တောင်မခတ်တမ်းကြည့်နေမိ
သည်

သိပ်မဘောမကောင်းနဲ့!! samကို ကျွန်
တော်သိပ်ကျေနပ်တာမဟုတ်ဘူး!!

baekကိုချစ်တဲ့ကလေးဆိုးလေး (CB yaoi)Where stories live. Discover now