အပိုင်း(၃)*မြတ်နိုးရသော အရိပ်ကိုတွေ့ခွင့်ရခဲ့ခြင်း*

161 9 0
                                    

                           အရိပ်စစ်


In The Dorm ;

"   Hyung ဘာဖြစ်နေတာလဲ ?
မျက်နှာလဲ မကောင်းဘူး။
နေမကောင်း ဖြစ်နေတာလား ? "

"မဟုတ်ပါဘူးကွာ Hunnieလေးကလဲ
Hyung နေကောင်းပါတယ်"

Maknae ဖြစ်သူ Oh Sehun၏ အမေးကို အဆင်ပြေချောမွေ့အောင်
ဖြေဆိုနိုင်လိုက် ပေမဲ့လည်း~~~

" Hyung ဘာလဲရည်းစားပူမိနေတာလား ?"

Kai ရဲ့ ခပ်နောက်နောက်စပြီးပြောသော စကားကို ဖြေဖို့ရာ  သူစွံ့အနေမိသည်။

စက္ကန့်ပိုင်းလေး အနည်းငယ်ကြာမှ

" ဟာ Kai ya ဘာတွေမေးနေတာလဲ…
Hyung မှာ ဘာရည်းစားမှ မရှိပါဘူးကွာ
maknae လေးတို့လဲ အသိပဲဟာ
နောက်ပြီး CEO ကြားသွားရင်လဲ မကောင်းဘူး"

" ဟောဗျာ သိပါတယ် Hyung ရယ် ကျွန်တော်က တမင်စလိုက်တာကို"

" ဒါနဲ့ နေပါအုံး  Hyung မျက်နှာ ကြီးကနီရဲနေတာပဲ
နေမကောင်းတာလဲ မဟုတ်ပဲ နဲ့
မဟုတ်မှ လွဲရော……… "

maknae ၂ယောက်၏ စနောက်သလိုလို အတည်ပြောသလိုလို စကားများက
သူ့ကို နေရခက်စေသည်။

"  Yar  Kim Kai အဲ့လို မစရဘူးလေ
Wuri Dagron ကြီး ဒေါသထွက်နေပါအုံးမယ်
စချင်ရင် သူ့ကို သွားမစနဲ့ လာ………

ကေ့ကို သွားစမယ်
အဲ့ကောင်မလေးကို စရတာ ပျော်စရာကောင်းတယ်
လာသွားရအောင် wuri Maknae SeKai "

အဖွဲ့၏ အစနောက်သန်သော BaekHyun ရောက်လာ၍ သူတို့၏အားလပ်ချိန် အမွှေအစီအစဉ်ကို  Maknae လေး၂ယောက်အား ဦးဆောင်ခေါ်ဆောင်သွားပေတော့၏။

ဖြေရန်ခက်ခဲနေသော အမေးမှ ပထုတ်သွားပေးသော  BaekHyun ကိုပင် သူကျေးဇူးတင်ရမလိုပင်။

သို့သော်လဲ အမျိုးအမည်မသိသော ခံစားချက်တမျိုးက  ဖြစ်ပေါ်နေသေးသည်။

ခံစားချက်ကို ဘာ ခေါင်းစဉ်တပ်ရမလဲဆိုတာကိုတောင်
် Krisသည်  သူကိုတိုင်ပင် မသိခဲ့ချေ။

€ ဘာလဲ ငါ့ကို တချက်လေးမေးပြီးခေါ်တောင် မသွားဘူး €

€ aww ခါတိုင်းလဲ ငါလိုက်နေကြမှမဟုတ်တာ ဘယ်ခေါ်ပါ့မလဲ €

*အရိပ်စစ်*Where stories live. Discover now