မင်းချစ်လာမယ့်မနက်ဖြန်

3K 288 11
                                    

မင်းချစ်လာမယ့်မနက်ဖြန်

Part 13

ဒေါ်လေးအနားမှာရှိနေလို့သာ
ဟန်မပျက်စာသင်နေရသော်လည်း
Baekhyun စိတ်တွေက
စာအုပ်မှာမရှိပါ

ဒီနေ့အပြင်သွားရလျှင်ဘယ်လို
ဝတ်သွားရမလဲဆိုတာကိုပဲ
စဉ်းစားနေမိပါသည်

အဝတ်အစားတွေကတော့
Baekhyun မှာအပြည့်

နာမည်ကြီး Fashin Shop က
ဒီဇိုင်း စုံ...
ဖိနပ်​.. ဦးထုပ် နာရီ ခါးပတ်
Asseories တွေက အစ စုံနေအောင်ရှိသည်
ခက်တာက သူ့မှာပိုက်ဆံမရှိပါ

မနေ့ကရှုံးထားသလို
Card တွေကော ရတနာတွေပါ
Appa သိမ်းသွား၍ သူ မှာဘာမှမရှိ

ဝတ်ထားတဲ့ လက်စွပ်ဆိုတာက
Fancy တွေ စိန်အတုတွေနဲ့
Jayoong လုပ်ပေးထားတဲ့
အတုတွေ

ဒါတွေနဲ့ဘာသွားလုပ်ရမှာလဲ

စိတ်ရှုပ်သလို ခေါင်းကိုအကုတ်

"ရေသောက်မလား Baek
ဒေါ်လေးသွားယူပေးမယ်လေ"

ဒေါ်လေးက တူလေး ကိုကြည့်ကာ
သနားနေလေသည်
သူ ခမျာ ဖအေ စကားကိုနားထောင်၍
စာသင်နေရပေမယ့်သင်ချင်ပုံ
မပေါ် ...

ဒေါ်လေး ထမင်းစားခန်းထဲကို
ဝင်သည်နှင့်..

"Baekhyun မရဘူးလား"

"ဘာကိုလဲ"

Baekhyun ယောင်နစွာ
Chanyeol ကိုလှမ်းကြည့်သည်

"ကိုယ်ပေးထားတဲ့ ပုစ္ဆာ ကို
ပြောနေတာ"

ရလည်းမရ စိတ်လည်းမဝင်စားပါ
ဖြစ်နိုင်ရင်မသင်ချင်တာကြောင့်
လည်း...

"ခင်ဗျား လခ ဘယ်လောက်ရလဲ"

"ဘာကိုလဲ"

Chanyeol ..Baekhyun ကို အူကြောင်ကြောင်လှမ်းကြည့်မိသည်..

"ကျွန်တော့ကို စာသင်ပေးနေတဲ့
အတွက်ပြောတာ"

Chanyeol ထောင်းခနဲဒေါပွကာ
လေသံကလည်း မာဆတ်သွား
ရသည်..

"ကိုယ်စေတနာနဲ့လာသင်ပေးနေတာ"

"စေတနာ ဟုတ်​လား .. .
ကျွန်တော့ လုံးဝလက်မခံဘူး"

"မင်းက လက်မခံပေမယ့်
ဦး က ငါ့ကို တကူးတက အကူအညီတောင်းထားတာ"

မင်းချစ်လာမယ့်မနက်ဖြန် { Completed }Where stories live. Discover now