ll

2.4K 344 29
                                    

"ကောင်းသောမနက်ခင်းပါ..Baekhyun
လေး.."

"ဟွမ့်.."

အယ်..မီးဖိုချောင်ဝမှာအိမ်တော်ထိန်း Lee ကနှုတ်ဆက်တာကို နှုတ်ခမ်းကရေဘဲလို ထော်ကာ မျက်စောင်းထိုးမေး မော့ပြီး ထမင်းစားပွဲဖက်သို့ကော့တော့ကော့တော့နဲ့ လျှောက်လာ၏...ကျောင်းသွားဖို့ပြင်ထား
တာတဲ့လေ...ကြယ်သီးကိုနှစ်လုံးလောက်ဖြုတ်ထားပြီး နတ်ကတိုင်ကြိုးကပြေလို့...
ကျောပိုးအိတ်အဖြူလေးကို ဘေးတစ်စောင်း
လွယ်ထားသော ပန်းနုရောင်ဆံပင်နဲ့ကလေး
ငယ်...

နှုတ်ဆက်တဲ့ အိမ်တော်ထိန်းကြီးကတော့
ဖင်ပိတ်သွားတာပေါ့ကွယ်..:3

ထမင်းစားပွဲဝိုင်းမှာထိုင်နေတဲ့ ထရိန်နာ
Park နဲ့ သူဌေး Byun တို့လည်းထိုအဖြစ်
အပျက်ကိုကွက်ကွက်ကွင်းကွင်းတွေ့သွား၏.

Chanyeol ကမနေ့ကတည်းက ဒီအိမ်မှာ
လာနေဖို့ကို သဘောတူခဲ့တာ...ဒီကောင်လေး
က ကျောင်းစာ လူမှုရေး ယဉ်ကျေးမှု
အရာရာ လေ့ကျင့်သင်ကြားပေးရာမှာမို့
Chanyeol လည်း သေချာစနစ်တကျသင်
ပေးချင်လို့ အိမ်တွင် လာနေမယ်လို့
ဦးလေး Byun ကို ခွင့်တောင်းလိုက်ခြင်း...
ဒီကလေးက ဟိုးး..အစကနေစသင်မှ ရမှာလေ..

Byun သူဌေးကြီးကလည်း သူ့သားလေးကို
လိမ္မာစေချင်ပြီး ကောင်းစေချင်တဲ့အတွက်
ပူးပေါင်းဆောင်ရွက်ပေးပါတယ်လေ...

"အော်..ဦးလေးကြီးက သူများနေရာကို
တောင်အပိုင်သိမ်းပြီး မြိုဆို့နေတယ်လား?"

Chanyeol ရယ်လေ..လက်ကကိုင်ထားတဲ့
ကော်ဖီခွက်လေးတောင်ပြန်ချလိုက်ရ၏..
မြိုဆို့တယ်တဲ့..-_- စားနင်​တာ​တောင်​နင်​တယ်
ဒါသူ့နေရာတဲ့လား...အဲ့လေ...စားပွဲခုံမှာ
ထိုင်ခုံက ဆယ်နေရာတောင်ရှိတာ...ထိုင်
ပါလိမ့်...

"Baek ပေါက်စ..အဲ့လိုမပြောရဘူးလေ.."

Chanyeol အသံတိုးတိုးလေးနဲ့သတိပေး
လိုက်ပါရဲ့..သူ့ကိုပြောတာစိတ်မစိုးပေမယ့်
အခုက Baekhyun လေးရဲ့ အဖေပါရှိနေ
လေရာ...ဘယ်ကောင်းမတုန်း..

မီးဖိုခန်းထဲက စားပွဲပေါ်ထိုင်နေသော သူမာတာဖခင်ကြီးက မျက်လုံးပြူးကာ..

"Byun Baekhyun!..မင်းလူကြီးကို
ဘယ်လိုဆက်ဆံတာလဲ..?.ဒါကမင်းဆရာ..
အဲ့တာမင်းသိလား..မင်းထက်ဆယ်နှစ်ကျော်
ကျော်ကြီးတယ်...ပြီးတော့ အိမ်တော်ထိန်း
Lee ကိုရော..မင်းသူငယ်ချင်းများအောက်
မေ့နေလား..တစ်အိမ်လုံးမှာမင်းအငယ်ဆုံး..
ဘာလို့အဲ့လောက်ရိုင်းစိုင်းနေတာလဲ..."

Like A Shadow °•Chanbaek•°Where stories live. Discover now