#Minseokkie
သာယာသောမနက်ခင်းတစ်ခုတွင်....
ခွမ်းးးးး မနက်စာစားပွဲပေါ်တွင်ပြင်ဆင်ထားသောအစားစာများကိုမြင်ပြီးဒေါသဖြစ်ကာ အကုန်မှောက်ချလိုက်သည်။
Kris >> yarrr မင်းကိုငါဘာပြောထားလဲ ဒါတွေငါမစားဘူးလို့ပြောထားတယ်လေ
Xiu >> တောင်း တောင်းပန်ပါတယ် အကိုလေး မ မနေ့က အကိုလေးက ဒါ ဒါတွေစားမယ် ပြော
Kris >> တိတ်စမ်း ငါ့ကိုဘာမှလာမပြောနဲ့ ငါကမစားဘူးဆိုမစားဘူးပေါ့ မင်းကဘာအတွန့်တက်နေတာလဲ ဟမ်
Xiu >> ဟု ဟုတ် ကျ ကျွန်တော်ခုချက်ချင်းအသစ်လုပ်ပေးပါမယ်
Kris >> တောက်! မနက်စောစောစီးစီး ကျက်သရေကိုမရှိဘူး ငါCompanyမှာအရေးကြီးအစည်းဝေးရှိတယ် ၃မိနစ်အတွင်းမနက်စာအမြန်ပြင် မဟုတ်လို့ကတော့ မင်းသေဖို့ပြင်ထား
Xiu >> ဟု ဟုတ်ကဲ့
Xiuminမှာကြောက်ကြောက်လန့်လန့်နဲ့Krisအတွက်မနက်စာအသစ်ကို၃မိနစ်အတွင်းပြန်ပြင်ပေးရသည်။
မနက်စာပြင်တာ၃မိနစ်ကျော်သွား၍Krisစိတ်တိုကာ....
Kris >> တောက်! လာကျစမ်း ဒီကို
Krisသူ့တပည့်များကိုအော်ခေါ်လိုက်သည်။
Man >> ဟုတ် လာပါပြီ သခင်လေး
Kris >> သူ့ကိုငါမမြင်ချင်ဘူး မြေအောက်ခန်းထဲပိတ်ထားလိုက် တနေကုန်ဘာမှလည်းမကျွေးနဲ့ ရေတောင်မတိုက်နဲ့ကြားလား
Man >> Nae! သခင်လေး
Xiuminမှာတော့ဘာမှပြန်ပြောခွင့်မရှိပဲKrisတပည့်များရဲ့ခေါ်ဆောင်ရာသို့ပါသွားလေသည်။
ဂျိန်းးးးး
မြေအောက်ခန်းသံတံခါးကြီးပိတ်သွားသည်နှင့်Xiuminတယောက်ဒေါင့်လေးတွင်ကပ်ပြီးမျက်ရည်များစီးကျလာတော့သည်။