အခန်း ( ၁)

180 16 0
                                    

လူ့ဘဝသည်​ အဓိပ္ပါယ်​အမျိုးမျိုး ​မေးခွန်းအမျိုးမျိုးနဲ့ ဖွဲ့စည်းထား​ပေမည်​ဟု ယူဆမိသည်​ ။
ခက်​ခဲမှု
ကြမ်းတမ်းမှု
တိုက်​ခိုက်​မှု ။ လူ့ဘဝရဲ့အနစ်​အရသာ​တွေ​မည်​သည်​ ။

_____________​_နွေဦးအိပ်​မက်​_______________


"က​လေးမ​လေးအဖြစ်​ကလည်းဆိုးလိုက်​တာကွယ်​..
ဖ​အေဆုံးထားတာမှဘယ်​​လောက်​ကြာ​သေးလို့တုန်း..​ခုမ​အေဖြစ်​သူဆုံးပြန်​ပြီ "

...

"သူ့​ယောက်ျားနာ​ရေးမှာ ​ရှော့ရထဲက ထူထူ​ထောင်​​ထောင်​မဟုတ်​​တော့တာတဲ့ ... အင်း​ပေါ့​လေ... အမိ​ရောအဖ​ရောဆုံး​တော့.. ဒီမိန်းက​လေး ဘယ်​သူ့မျက်​နှာကြည့်​စရာရှိ​တော့မလဲ "

...

ကျွန်​မရဲ့ စရိုက်​က ဖွဲမီးလို ။
လူအများ​ရှေ့ရင်​ကွဲပက်​လက်​မငိုတတ်​... ကျွန်​မရင်​ထဲတ​မြေ့​မြေ့​​လောင်​မြိုက်​​နေတဲ့အရသာကိုပိုကြိုက်
သည်​ ။
ကျွန်​မ​ဖေ​​ဖေဆုံးတာ လ မခြား​သေး..ကျွန်​မ​မေ​မေဆုံးသည်​ ။ ကျွန်​မကမ္ဘာတခြမ်းပြို​နေစဉ်​ ကျွန်​မရဲ့ကမ္ဘာတခုလုံးပျက်သုဉ်းခဲ့ပြီ ​​။ ကျွန်​မ မငိုပါ ။ ငိုရင်​ ​လောကဓံကို ကျွန်​မ ​ကြောက်​ရွံရာ​​ရောက်သွားမှာ​ပေါ့ ။ ဒါ​ပေမယ့်​ ကျွန်​မရဲ့ ပျက်​သုဉ်းသွား​သော ကမ္ဘာအတွက်​ ကျွန်​မ နှ​မြောတသစွာ​ ​ကြေကွဲခွင့်​ရှိသည်​မဟုတ်​လား ။

သို့​သော်​....​နွေပန်းချီဆို​သောကျွန်​မ ​ပျော့ညံ့လို့မဖြစ်။ကျွန်​မဘဝ​ရှေ့​ရေးအတွက်​ ကျွန်​မရဲ့​ပျော့ညံ့မှုက အကြီးမားဆုံး အတားအဆီးဖြစ်​လာနိုင်​သည်​​လေ ။

"​ပန်းချီ... အားမငယ်​နဲ့​နော်​...ပန်းချီ့​ဘေးမှာ တို့​တွေရှိပါ​သေးတယ်​..​.....နော်​... "

"......"

ချစ်​သူငယ်​ချင်း​လေး ​လေ​ပြေရဲ့ အား​ပေးစကား ။
သူမဘဝသည်​ သူမနာမည်​နဲ့လိုက်​​အောင်​ပင်​ ​လေ​ပြေ​အေး​လေးတိုက်သလိုေ​အးချမ်းလွန်းသည်​ ။
ကျွန်​မ​က​တော့... ​နွေပန်းချီ ဆို​သော နာမည်​အတိုင်း ။

နွေဦးအိပ်​မက်​ Dove le storie prendono vita. Scoprilo ora