လူ့ဘဝသည် အဓိပ္ပါယ်အမျိုးမျိုး မေးခွန်းအမျိုးမျိုးနဲ့ ဖွဲ့စည်းထားပေမည်ဟု ယူဆမိသည် ။
ခက်ခဲမှု
ကြမ်းတမ်းမှု
တိုက်ခိုက်မှု ။ လူ့ဘဝရဲ့အနစ်အရသာတွေမည်သည် ။______________နွေဦးအိပ်မက်_______________
"ကလေးမလေးအဖြစ်ကလည်းဆိုးလိုက်တာကွယ်..
ဖအေဆုံးထားတာမှဘယ်လောက်ကြာသေးလို့တုန်း..ခုမအေဖြစ်သူဆုံးပြန်ပြီ "...
"သူ့ယောက်ျားနာရေးမှာ ရှော့ရထဲက ထူထူထောင်ထောင်မဟုတ်တော့တာတဲ့ ... အင်းပေါ့လေ... အမိရောအဖရောဆုံးတော့.. ဒီမိန်းကလေး ဘယ်သူ့မျက်နှာကြည့်စရာရှိတော့မလဲ "
...
ကျွန်မရဲ့ စရိုက်က ဖွဲမီးလို ။
လူအများရှေ့ရင်ကွဲပက်လက်မငိုတတ်... ကျွန်မရင်ထဲတမြေ့မြေ့လောင်မြိုက်နေတဲ့အရသာကိုပိုကြိုက်
သည် ။
ကျွန်မဖေဖေဆုံးတာ လ မခြားသေး..ကျွန်မမေမေဆုံးသည် ။ ကျွန်မကမ္ဘာတခြမ်းပြိုနေစဉ် ကျွန်မရဲ့ကမ္ဘာတခုလုံးပျက်သုဉ်းခဲ့ပြီ ။ ကျွန်မ မငိုပါ ။ ငိုရင် လောကဓံကို ကျွန်မ ကြောက်ရွံရာရောက်သွားမှာပေါ့ ။ ဒါပေမယ့် ကျွန်မရဲ့ ပျက်သုဉ်းသွားသော ကမ္ဘာအတွက် ကျွန်မ နှမြောတသစွာ ကြေကွဲခွင့်ရှိသည်မဟုတ်လား ။သို့သော်....နွေပန်းချီဆိုသောကျွန်မ ပျော့ညံ့လို့မဖြစ်။ကျွန်မဘဝရှေ့ရေးအတွက် ကျွန်မရဲ့ပျော့ညံ့မှုက အကြီးမားဆုံး အတားအဆီးဖြစ်လာနိုင်သည်လေ ။
"ပန်းချီ... အားမငယ်နဲ့နော်...ပန်းချီ့ဘေးမှာ တို့တွေရှိပါသေးတယ်.......နော်... "
"......"
ချစ်သူငယ်ချင်းလေး လေပြေရဲ့ အားပေးစကား ။
သူမဘဝသည် သူမနာမည်နဲ့လိုက်အောင်ပင် လေပြေအေးလေးတိုက်သလို အေးချမ်းလွန်းသည် ။
ကျွန်မကတော့... နွေပန်းချီ ဆိုသော နာမည်အတိုင်း ။