Part-7

3.9K 391 31
                                    

Wu Yifan ခုတစ်လောအတော်မျက်စိနောက်နေသည်။Chanyeol ကသူ့သစ်ခွပင်တွေကို တစ်ခွတည်းခွနေခြင်းကြောင့်ပင်။

မိုးလင်းတည်းကသစ်ခွဇာတ်လမ်းက ညနေသူပြန်လာသည်အထိမပြီးသေး။

ဖြစ်ပုံမှာ Chanyeol မိုးလင်းတည်းက သူ့သစ်ခွပင်တွေကိုရေထလောင်းသည်။ပြီးနောက် ထိုအပင်များအားတစိမ့်စိမ့်ဝအောင်ထိုင်ကြည့်သည်။ဒါနှင့်မပြီးသေး။တစိမ့်စိမ့်ကြည့်သည့်အပြင် ပါးစပ်မှလည်းဘာတွေမှန်းမသိပြောသေးသည်။ရုပ်ကလည်းပြုံးဖြီးနေသေးသည်။ထိုဖြစ်စဉ်မှာ မိုးလင်းချိန်မှ သူရုံးပြန်လာချိန်ညနေနေဝင်သည်အထိပင်။

ခါတိုင်းဆိုသူရုံးသွားလျှင်ဖြစ်စေ ၊ ရုံးပြန်လျှင်ဖြစ်စေ Chanyeol ကိုဧည့်ခန်းမှာတွေ့ရတတ်သည်။သူ့ကိုစောင့်နေခြင်းဖြစ်ပုံရသည်။

ခုတော့ထိုင်စောင့်ဖို့နေနေသာသာ အရိပ်ပင်မမြင်ရတော့။အချိန်တိုင်းသူ့အပင်တွေနားပဲကပ်နေတော့သည်။

Wu Yifan သူ့ကိုစောင့်နေစေလိုသည်တော့မဟုတ်ပေမဲ့ မြင်နေကျမမြင်ရတော့တစ်မျိုးကြီးပင်။အမြဲဖြစ်နေကျတစ်ခုမဖြစ်တော့ရင် ဒီလိုခံစားရသည်မှာ လူတိုင်းပဲမဟုတ်လား။

                              💜💚💛

" ငါအခုတစ်လောအရမ်းပျော်နေတယ်သိလား။Wu Yifan ကငါ့နာမည်ကိုလည်းခေါ်တယ်။ငါသုံးဖို့ပိုက်ဆံလည်းပေးတယ်။မင်းတို့ကိုလည်းသူပေးတဲ့ပိုက်ဆံနဲ့ဝယ်ထားတာ။သူငါ့အပေါ်အရင်ကလောက်မမုန်းတော့ဘူးထင်တယ်နော် "

Chanyeol သူ၏အပျော်များကို သူစိုက်ထားသောသစ်ခွပင်များအား ရင်ဖွင့်နေသည်။Wu Yifan ၏ ခုတစ်လောအနည်းငယ်ပြောင်းလဲလာမှုတို့ကြောင့် သူ့မှာပျော်မဆုံးဖြစ်နေရသည်။

သူ၏အပျော်များကို အခြားတစ်ယောက်ထံ ရင်ဖွင့်ချင်သော်လည်း ဘယ်သူမှမရှိသဖြင့် သူ၏သစ်ခွပင်များထံ ရင်လာဖွင့်နေရခြင်းဖြစ်သည်။

အချိန်တိုင်း Wu Yifan ၏ ပြောင်းလဲမှုများကို တစိမ့်စိမ့်တွေးကာ ပျော်လွန်းသဖြင့် သစ်ခွပင်များထံ အချိန်တိုင်းလိုလိုရောက်နေမိသည်။ခုတစ်လောသူ့မျက်နှာတပြုံးပြုံးဖြစ်နေတာကို သူကိုယ်တိုင်လည်းသိပါသည်။

Unexpectedly(Completed)Where stories live. Discover now