Part23 <Final Part>

5.5K 261 5
                                    

" သတို့သား အဆင်​သင့်​ဖြစ်​ပြီလားခင်​ဗျ "

"Nae"

"အပြင်​က သတို့သား​လေး အထဲကို
ဝင်​လို့ရပါပြီခင်​ဗျာ "

အဖြူ​ရောင်​ဝတ်​စုံ​လေးနဲ့
ခန်းမထဲဝင်​လာတဲ့သူ...
သူဝင်​လာပြီဆိုတာနဲ့ပင်
ဧည့်​ပရိတ်​သတ်​အားလုံးကလည်း
လက်​ခုပ်​​တွေ တီးကြတယ်​..
Angel တစ်​ပါးလို​ပင်​ချော​မောလိုက်​တာ
မျက်​နှာထက်​အပြုံးပန်း​တွေ​ဝေ​နေတဲ့
Byun Baekhyunကျွန်​​တော့်​ချစ်​ရသူ
သူ့လက်​ကိုဆွဲကိုင်​ကာ ကတိသစ္စာပြုမယ့်
သတို့သားက ကျွန်​​တော်​မဟုတ်​ခဲ့ပင်​မယ့်​....

ပန်းစည်း​လေးကိုင်​ပြီး စင်​မြင့်​ထက်​​လျှောက်​လှမ်းတဲ့
သူ့မျက်​နှာကအပြုံး​​တွေ အရမ်းလှလိုက်​တာ
ကျွန်​​တော်​ မပိုင်​နိုင်​​တော့ဘူးဆိုတဲ့  အသိတစ်​ချက်
နှလုံးသား​လေးဟာလည်း ​အောင့်​ခနဲ !

ချစ်​ရသူရဲ့လက်​ထပ်​ပွဲကို
ရင်​တစ်​ခုလုံးခွဲပြီးလာခဲ့ရတဲ့
ကျွန်​​တော့်​မျက်​နှာထက်​က အပြုံးတုကို
ဘယ်​သူက​ကောမြင်​နိုင်​ဦး​မှာမို့လို့လဲ ?

Krisလက်​ကို လှမ်းကိုင်​လိုက်​တဲ့သူ့လက်​က​လေး
သူတို့လက်​​တွေတင်းကျပ်​စွာဆုပ်​ကိုင်​ထားကြတယ်

ကျွန်​​တော့်​ကမ္ဘာကြီးလည်းပျက်​သွားပါပြီ
သူငယ်​ချင်း​တွေအားလုံး ဝိုင်းနှစ်​သိမ့်​ကျပင်​မယ့်​လို့်
ဟန်​မ​ဆောင်​နိုင်​​တော့တဲ့ ကျွန်​​တော်
မျက်​ရည်​စက်​တစ်​ချို့က လက်​ဖမိုး​ပေါ်
ပေါက်​ခနဲ!

ဒီ​နေ့ဟာ..
ကျွန်​​တော့်​ကမ္ဘာပြိုတဲ့​နေ့
ကျွန်​​တော့်​အသည်း​နှလုံး​တွေ
တဖြုတ်​ဖြုတ်​ကြွေတဲ့​နေ့...
ကျွန်​​တော့်​ကမ္ဘာကြီးတစ်​ခုလုံး​မှောင်​မိုက်
သွားတဲ့​နေ့...

ပြန်​မရ​တော့ပါဘူး
့အားလုံးပြီးဆုံးသွား​တော့မယ်​...
ကျွန်​​တော်​နဲ့ Baekhyun
ထာဝရ​ဝေးကွာသွား​တော့မယ်

Wu Kris ❤ Byun Baekhyun
တဲ့ ကပ်​ထားတဲ့ စာတန်း​တွေ
ဆွဲစုပ်​ချင်​စရာ​ကောင်း​လိုက်​တာ!
ဒါပင်​မယ့်​..ငါ​နဲ့ဘာဆိုင်​​တော့လို့လဲ

Like Love♥ Where stories live. Discover now