(3)

6.9K 593 29
                                    


"ကျွန်​​တော်​ပီးပီ..."

အပြာ​ရောင်​​ဖျော့​ဖျော့တီရှပ်​လက်​တိုနှင့်
အဖြူစွတ်​စွတ်​ဒူးအတိ​ဘောင်းဘီဝတ်​ထား​သော
Chanyeolက မျက်​စိ​ရှေ့တည့်​တည့်​မှာ
လာရပ်​ပီး​ပြော​လေသည်​....

အ​ရောင်​နုနု​တွေက
သူ့ကိုပိုပီး ငယ်​နု​စေ​လေသလား.....

ဒီ​ကောင်​​လေးဟာ အခုအသက်​နှစ်​ဆယ်​ပြည့်​​တော့မှာလား...

သိသိသာသာလှုပ်​ခတ်​သွားခဲ့​သော
ရင်​တွင်းတစ်​​နေရာက မသိမသာနာကျင်​​နေသလို...

"ဘယ်​​တော့လဲ..."

"ဘာကိုလဲ..."

"မင်းအသက်​၂၀ပြည့်​မှာ...."

အော်​.. ကျွန်​​တော့်​ယောကျာ်းဆို​သောသူက
ကျွန်​​တော့်​​မွေး​နေ့​တောင်​ မသိခြင်းဟာ သိပ်​​တော့
မထူးဆန်း​နေခဲ့ပါ....

လက်​ထပ်​ခဲ့တယ်​ဆို​ပေမယ့်
သူ့ဘက်​ကမတတ်​သာလို့ လက်​ထပ်​ခဲ့ရတာမို့
ကျွန်​​တော်​နဲ့ပါတ်​သတ်​သမျှ စိတ်​မဝင်​စားခဲ့တာ
သူ့အလွန်​​တော့ မဟုတ်​ဘူးရယ်​.....

"Novemberလကျရင်​..."

"ငါနဲ့​မွေးလတူတာ​ပေါ့..."

"ဟုတ်​တယ်​... ကိုကိုဘာမှမပူပါနဲ့...
ကျွန်​​တော့်​​မွေး​နေ့ပီးလို့ ၂ရက်​​လောက်​​နေတာနဲ့..
Uncle Shinကို အိမ်​ကိုလာဖို့
ကျွန်​​တော်​​ပြောပါ့မယ်​...."

"Chanyeol..."

ဆက်​မ​ပြော​စေချင်​တာမို့
အ​လောတကြီးတားလိုက်​သလို....

ဆုံစည်းလာ​သော အကြည့်​​တွေမှာ
နာကျင်​ရိပ်​​တွေနဲ့....

သို့​သော်
Chanyeolကမသိချင်​​ယောင်​​ဆောင်​ကာ
ချက်​ချင်းပဲမျက်​နှာလွှဲသွားကာ...

"ကျွန်​​တော်​​ဗိုက်​ဆာ​နေပီ...
သွားရ​အောင်​..."

သက်​ပြင်းတစ်​ချို့ချကာ
သူ့​နောက်​​ကျောကို စူးစိုက်​ကြည့်​ရင်း
လိုက်​လာခဲ့မိသည်​......

"ကို.... ဟန်​နီလဲဒီမှာစားမယ်​..."

စားစရာတစ်​ချို့ထည့်​ထား​သော​ဗန်းကိုကိုင်​ကာ
စားပွဲနားလာရပ်​ပီး သူမကဆို​လေသည်​...

Ice StoryWhere stories live. Discover now