part 8

273 26 0
                                    


Part- 8

ဆေးရုံထဲရှိ အခန်းလေးတခန်းထဲမှာတော့ ဖရိုဖရဲ
ဖြစ်၍ကျန်ခဲ့လေသည်

Jinyoung- ဦးနဲ့ ဥက္ကချုပ် ရှင့် အဆင့်တက်ပီး
တခုလောက်တော့ ပြောပါရစေ .........

Mark က ဦးတို့ဆီကမေတ္တာကို အရမ်းတောင့်တနေ
တာပါ Busanကိုရောက်ခါစကဆိုရင် လူကသာ
အသက်ရှိနေတာ မျက်နှာက အသက်မဲ့နေတယ်
အမှန်တိုင်းပြောရရင်Markက ကျွန်မတို့မိသားစုလေး
ကို အရမ်းအားကျနေတာ

ကျွန်မနဲ့က ငယ်ငယ်ထဲက အရမ်းခင်လာကြတာ
သူကအပေါင်းသင်းနည်းတယ် ကျောင်းမှာမိဘတွေ
တက်ရတဲ့ပွဲမျိုးဆို သူဘယ်တော့မှမလာဘူး
အဲ့အတွက် သူငယ်ချင်းတွေစနောက်တာ အမြဲခံရတယ်

သူ့ဒိုင်ယာရီလေး ခိုးဖတ်ဖူးတယ် အဲ့မှာရေးထားတာက

''appaနဲ့omma သားကိုပစ်ထားရက်တယ်
Jinလေးတို့မိသားစုကို သိပ်အားကျတာပဲ
သားတို့လောက်မချမ်းသာပေမယ့် မိသားစုလေး
နွေးထွေးတယ် ဖေးမကြတယ် အခက်ခဲရှိရင်တောင်
အပြန်လှန်ကူညီပီး အားတင်းကြတယ်
သားအတွက်တော့သူတို့က happy family
လေးပါပဲ သားလဲသူတို့လိုဘဝမျိုးရချင်တယ်''

သူခလေးဘဝတုန်းကရေးထားတဲ့စာလေးပါ ......

သူဘယ်လောက်ခံစားနေရမလဲ ဦးတို့ခန့်မှန်းလို့
ရနေပါပီ သူစိမ်းဖြစ်တဲ့ကျွန်မတောင် ဒီလောက်ခံစား
တတ်ရင် သွေးသားရင်းချာဖြစ်တဲ့ သူသာဆိုရင်ရော

Le Jenny- မင်းခုနကဘာလို့ ငါ့ဘက်ကလိုက်
ပြောပေးနေရတာလဲ

JY- ကြိုးစားချင်လို့ပါ

Le Jenny- ဘာကိုလဲ

JY- အရင်ဦးဆုံး ကျွန်မတောင်းပန်ပါရစေ
ကျွန်မ ဦးနဲ့chairmanကို အစထဲက Markရဲ့
မိဘမှန်းသိပါတယ် သူပြောပြတာမဟုတ်ဘူးနော်
ကိုယ့်နည်းနဲ့ကိုယ်ပေါ့ တိုက်ဆိုင်တာက ထယ်ဆန်း
groupရဲ့ကမ်းလှမ်းခြင်းခံရတာပဲ

Jaung Woo- သမီးက ဦးတို့ကိုတမင်ချဉ်းကပ်
တာလား

JY- ဟုတ်ပါတယ် ကျွန်မ Markအတွက်
happy familyလေးရလာအောင်ကြိုးစားပေးချင်
တာပါ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘုး

ဖြူစင်သူမင်းနဲ့Where stories live. Discover now